
မြန်မာနိုင်ငံမှာ ပြင်းထန်တဲ့ ငလျင်ဒဏ် လှုပ်ခတ်ပြီး နောက်ပိုင်း တရုတ်နိုင်ငံ အနောက်တောင်ဘက်မှာရှိတဲ့ ယူနန်ရှိ အထပ်မြင့်အဆောက်အအုံက ဖုန်မှုန့်တွေ အမြောက်အမြား ထွက်ခဲ့တာကို ရုပ်သံမှတ်တမ်းတွေမှာ တွေ့ရတဲ့အကြောင်း ရိုက်တာ ဖော်ပြပါတယ်။
ရိုက်တာက တရုတ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ နေရာကို ကောင်းကင်ဂြိုဟ်တုတွေက တဆင့် အတည်ပြုခဲ့ပြီး အဲဒီနေရာမှာ စီးပွားရေးအဆောက်အအုံတွေ ရှိတယ်လို့ ဆိုပါတယ်။
ဒေသတွင်း မီဒီယာတွေနဲ့ အာဏာပိုင်တွေရဲ့ ဖော်ပြမှုအရ အဆောက်အဦများစွာ ပျက်စီးခဲ့ပြီး လူတွေ ကြောက်လန့်တကြား ထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။
လူ ၂ ယောက် မစိုးရိမ်ရတဲ့ဒဏ်ရာ ရခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။
သောကြာနေ့က မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် လူ ၁,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ထိုင်းနိုင်ငံမှာလည်း ဆောက်လက်စ မိုးမျှော်တိုက်တခု ပြိုကျခဲ့ကာ အဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။
Source : Reuters