
ဒဏ်ရာကြောင့်အနားယူနေရတဲ့ အာဆင်နယ်တောင်ပံကစားသမား ဘူကာရိုဆာကာဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်လည်ပြု လုပ်နေပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်ဒီဇင်ဘာလက တံကောက်ကြောဒဏ်ရာကြောင့် ခွဲစိတ်ကုသမှု ခံယူခဲ့ရတဲ့ ဆာကာဟာ ၃ လ နီးပါးအနားယူခဲ့ရပြီးနောက် လေ့ကျင့်ခန်းအပြည့်အ၀ ပြန်လည် လုပ်ဆောင်နိုင်ခဲ့တာပါ။
အာဆင်နယ်အသင်းက ထုတ်ပြန်တဲ့ ဓာတ်ပုံမှာလည်း ဆာကာကို လေ့ကျင့်ရေးကွင်း မှာမြင်တွေ့ရပြီး လာမယ့်တပတ်မှာ ကစားရမယ့် ဖူဟမ်နဲ့ပွဲစဉ် လူစာရင်းမှာ ပါဝင်လာနိုင် တယ်လိုသိရပါတယ်။
ဒဏ်ရာအခြေအနေ ပြန်လည်ကောင်းမွန်လာပြီးအရင်ကထက် ပိုမိုသန်မာစွာနဲ့ ပြန်လာ နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ခက်ခဲတဲ့အချိန်တွေမှာ အားပေးဝန်းရံပြီး ဆုတောင်းပေးကြတဲ့သူတွေကို ကျေးဇူးတင်ရှိကြောင်း ဆာကာက သူ့ရဲ့ အင်စတာဂရမ်မှာ ရေးသားထားပါတယ်။
ဆာကာဟာ အသင်းရဲ့ပွဲစဉ် ၁၉ ပွဲကို လွဲချော်ခဲ့ပြီး လာမယ့် ဧပြီ ၁ ရက်မှာ ကစားရမယ့် ဖူဟမ်နဲ့ လန်ဒန်ဒါဘီမှာ ပြန်လည်ကစားနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။
Photo: Reuters