Home
အားကစား
ဆာကာ အပါအဝင် အဓိက ကစားသမား ၃ ဦးကို  အာဆင်နယ် စာချုပ်သက်တမ်းတိုးမည်
DVB
·
March 19, 2025
Photo : Reuters

အာဆင်နယ်အသင်းဟာ တောင်ပံတိုက်စစ်ကစားသမား ဘူကာရိုဆာကာ အပါအဝင် အဓိက ကစားသမား ၃ ယောက်ကို စာချုပ်သက်တမ်းတိုးဖို့ စီစဉ်နေပါတယ်။

ဆာကာရဲ့ စာချုပ်သက်တမ်းက ၂၀၂၇ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး အာဆင်နယ်အသင်းက ကာလရှည်စာချုပ်တရပ်နဲ့ အသင်းမှာဆက်ထိန်းဖို့ ပြင်ဆင်လာခဲ့တာပါ။

အာဆင်နယ်မှာ နောက်ခံလူ ၂ ယောက်ဖြစ်တဲ့ ဂါဘရီယယ်နဲ့ ဆာလီဘာတို့လည်း ၂၀၂၇ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာပါ။

ဒီအခြေအနေကြောင့် အဲဒီကစာသမား ၃ ယောက်ကို စာချုပ်သက်တမ်းတိုးသွားဖို့ အာဆင်နယ်အသင်းက လုပ်ဆောင်လာခဲ့တာပါ။

ပြင်သစ်နောက်ခံလူ ဆာလီဘာကို ရီးရဲလ်မက်ဒရစ်အသင်းက ခေါ်ယူမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေတာပါ။

အဆိုပါ ကစားသမား ၃ ယောက်ဟာ စာချုပ်သက်တမ်းတိုးဖြစ်မယ်ဆိုရင် လုပ်ခလစာပါ တိုးမြှင့်ရရှိမှာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013