
ဒဏ်ရာရနေတဲ့ အာဆင်နယ်တောင်ပံတိုက်စစ် အတွဲဖြစ်တဲ့ ဆာကာနဲ့ မာတင်နယ်လီ တို့ဟာ အသင်းရဲ့ ပွဲစဉ် ၄ ပွဲလောက်သာ လွဲချော်နိုင်ပြီး ဧပြီလဆန်းမှာ ပြန်လည်ကစားနိုင်တော့မယ်လို့ သိရပါတယ်။
ဒီသတင်းဟာ ဒဏ်ရာရ ကစားသမားတွေ များနေတဲ့ အာဆင်နယ်အတွက် သတင်းကောင်း ဖြစ်ခဲ့ပြီး ဧပြီ ၂ ရက် မှာကစားရမယ့် ဖူဟမ်နဲ့ပွဲစဉ်မှာ ပြန်လည်ကစားနိုင်လိမ့်မယ်လို့ နည်းပြ အာတေတာက မျှော်မှန်းထားပါတယ်။
အာဆင်နယ်အနေနဲ့ ဆာကာနဲ့ မာတင်နယ်လီတိုကို ဝက်စ်ဟမ်း၊ နော်တင်ဟမ်၊ မန်ယူနဲ့ ချဲလ်ဆီး ပွဲစဉ် ၄ ပွဲသာ လက်လွှတ်ရမှာဖြစ်ပြီး မျှော်လင့်ထားတာထက်ပိုပြီး ပြန်ကစားနိုင်တော့မှာဖြစ်ကြောင်း Daily Mirror သတင်းမှာ ဖော်ပြပါတယ်။
ကစားသမား နှစ်ယောက်စလုံးက တံကောက်ကြော ဒဏ်ရာတွေကြောင့် အနားယူနေရတာဖြစ်ပြီး လက်ရှိအချိန်မှာ အပေါ့စားလေ့ကျင့်ခန်းတွေ စတင်ပြုလုပ်နေပါတယ်။