Home
အားကစား
ကိုင်ဟာဗက်ဇ်၏ ဒဏ်ရာ ခွဲစိတ်ကုသရမည်ဟု အာဆင်နယ် အတည်ပြု
DVB
·
February 14, 2025
Photo-Reuters

တိုက်စစ်မှူး ကိုင်ဟာဗက်ဇ်ရဲ့ တံကောက်ကြောဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူသွားရမှာဖြစ်ကြောင်း အာဆင်နယ်အသင်းက ထုတ်ပြန်သွားပါတယ်။

ဂျာမန်တိုက်စစ်မှူးဟာ ဒူဘိုင်းလေ့ကျင့်ရေး ခရီးစဉ်မှာ တံကောက်ကြောဒဏ်ရာ ရခဲ့တာဖြစ်ပြီး အာဆင်နယ်အသင်းက တရားဝင် သတင်းမထုတ်ပြန်ခင်ကတည်းက ရာသီကုန်အထိ အနားယူရမယ်လို့ ကြိုတင်သတင်းပေါက်ကြားခဲ့တာပါ။

ဖေဖော်ဝါရီ ၁၄ ရက်မှာတော့ ရာသီကုန်အထိ အနားယူရမှာဖြစ်ကြောင်း အာဆင်နယ်အသင်းက အတည်ပြုခဲ့သလို ခွဲစိတ်ကုသဖို့ လိုအပ်ကြောင်း သတင်းထုတ်ပြန်ခဲ့တာပါ။

ခွဲစိတ်ကုသမှုအပြီးမှာ ပြန်လည်သန်စွမ်းရေး အစီအစဉ်တွေ လုပ်ဆောင်သွားမှာဖြစ်ပြီး လာမယ့်နှစ် ရာသီကြိုပြင်ဆင်မှုတွေမှာ ပြန်လည်ကစားနိုင်လိမ့်မယ်လို့ အာဆင်နယ်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အာဆင်နယ်မှာ ဆာကာ၊ ဂျေဆု၊ မာတင်နယ်လီ တို့လည်း ဒဏ်ရာရနေပြီး လက်ကျန်ပွဲစဉ်တွေကို  တိုက်စစ်မှူးစစ်စစ်မရှိဘဲ ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။

Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013