
အာဆင်နယ်အသင်းဟာ တိုက်စစ်မှူးဟာဗက်ဇ်ကို ရာသီကုန်အထိ လက်လွှတ်ရနိုင်တာကြောင့် အခက်တွေ့နေရပါတယ်။
ဂျာမနီတိုက်စစ်မှူးဟာ ဒူဘိုင်းလေ့ကျင့်ရေးခရီးစဉ်မှာ တံကောက်ကြော ဒဏ်ရာရရှိခဲ့ပြီး ရာသီကုန်တဲ့အထိအနားယူရနိုင်ကြောင်း မီဒီယာတွေကဖော်ပြခဲ့ကြတာပါ။
ဟာဗက်ဇ်ဟာ လေ့ကျင့်ရေးကွင်းကနေ ထော့နဲ့ထော့နဲ့ နဲ့ လမ်းလျှောက်သွားရတာကိုလည်း ဗီဒီယို ဖိုင် တခုမှာ မြင်တွေ့ရပါတယ်။
အာဆင်နယ်တိုက်စစ်ပိုင်းမှာ ဆာကာ၊ ဂျေဆုနဲ့ မာတင်နယ်လီတို့လည်း အနားယူနေရလို့ ဟာဗက်ဇ်ဒဏ်ရာ ရရှိသွားတာက အသင်းအတွက် အခက်တွေ့စေခဲ့ပြီး ဇန်နဝါရီမှာ တိုက်စစ်မှူးမဝယ်ခဲ့တာကို ပရိသတ်တွေက ထောက်ပြနေကြပါတယ်။
Photo: Reuters