
အာဆင်နယ်တောင်ပံကစားသမား မာတင်နယ်လီဟာ ဒဏ်ရာကြောင့် တလကျော်အနားယူရ မယ်လို့သိရပါတယ်။
နယူးကာဆယ်နဲ့ လိဂ်ဖလားဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ တံကောက် ကြောဒဏ်ရာကြောင့် လူစားလဲခဲ့ရတဲ့ မာတင်နယ်လီဟာ တလကျော် အနားယူရနိုင်တယ်လို့ The Arhletic သတင်းမှာဖော်ပြပါတယ်။
အဓိက တောင်ပံတိုက်စစ်မှူး ဘာကာရိုဆာကာနဲ့ ဂါဘရီယယ် ဂျေဆုတို့ဟာ ဒဏ်ရာရနေတဲ့ အာဆင်နယ်အသင်းဟာ ညာတောင်ပံနေရာအတွက် လူငယ်ကစားသမား အီသန်နွန်နရီကိုပဲ အစားထိုးအသုံးပြုသွားဖို့ ရှိပါတယ်။
အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ တိုက်စစ်ကစားသမားတွေခေါ်ယူဖို့ ချိတ်ဆက်ခဲ့ပေမဲ့ အဆင်မပြေခဲ့တဲ့အပေါ် စိတ်ပျက်မိကြောင်း နည်းပြအာတေတာက ပြောခဲ့ပါသေးတယ်။
မာတင်နယ်လီဒဏ်ရာရသွားတဲ့အတွက် အာဆင်နယ်တိုက်စစ်မှူး ဟာဗက်ဇ်၊ ထရော့ဆတ်နဲ့ နွန်နရီ တို့ကိုပဲ ပွဲထွက်အသုံးပြုသွားရဖို့ရှိ ပါတယ်။
Photo: Reuters