
ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟယ်ရီကိန်းကို စာချုပ်ဖျက်သိမ်းကြေးပေးပြီး ခေါ်ယူဖို့ အာဆင်နယ် ကစားသမားဟောင်း ပေါလ်မာဆန်က တိုက်တွန်းလိုက် ပါတယ်။
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ တိုက်စစ်မှူးဝယ်ဖို့ ကြိုးပမ်းခဲ့ပေမဲ့ အဆင်မပြေ ဖြစ်ခဲ့တာပါ။
တချိန်တည်းမှာပဲ ဘိုင်ယန်တိုက်စစ်မှူးဟယ်ရီကိန်းရဲ့ စာချုပ်ဖျက်သိမ်းကြေး ထွက်ပေါ်လာခဲ့ပြီး ပေါင် ၆၇ သန်းသာ ရှိတယ်လို့ သိရပါတယ်။
လာမယ့်နှစ် ဇန်နဝါရီမှာတော့ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၅၄ သန်းသာရှိတော့မှာဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။
ဟယ်ရီကိန်းနဲ့ ပတ်သက်လို့ အသက်အရွယ်ပေါ် ထောက်ပြလာနိုင်ပေမဲ့ ကိန်းဟာ အာဆင်နယ် လိုအပ်နေတဲ့ တိုက်စစ်မှူးဖြစ်တာကြောင့် ဝယ်ယူသင့်ကြောင်း ပေါလ်မာဆန်က တိုက်တွန်းသွားတာပါ။
အာဆင်နယ်အနေနဲ့ ချန်ပီယံဆုဖလား ရယူနိုင်ခြင်းမရှိဘူးဆိုရင် ကိန်းလို သက်သေပြပြီးသား တိုက်စစ်မှူးခေါ်ယူပြီး အခွင့်အရေးရယူသွား နိုင်ဖိုလိုအပ်ကြောင်း အသင်းကွင်းလယ်ကစားသမားဟောင်း ပေါလ်မာဆန်က တိုက်တွန်းပါတယ်။
Photo: Reuters