
ဖေဖော်ဝါရီ ၆ ရက် မနက်ပိုင်းက ကစားသွားတဲ့ အင်္ဂလန်လိဂ်ဖလားဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ နယူးကာဆယ်က အာဆင်နယ်ကို ထပ်မံအနိုင်ယူပြီး ဗိုလ်လုပွဲတက်သွားပါတယ်။
ပထမကျော့မှာကတည်းက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ နယူးကာဆယ်အသင်းဟာ ဒုတိယအကျော့ အိမ်ကွင်းမှာလည်း ၂ ဂိုး ဂိုးမရှိရလဒ်အတိုင်း အနိုင်ရခဲ့ပြီး နှစ်ကျော့စလုံးကို အနိုင်ရခဲ့တာပါ။
နယူးကာဆယ်အတွက် အနိုင်ဂိုးတွေကို မာဖီနဲ့ ဂေါ်ဒွန်တို့က သွင်းယူခဲ့ကြတာပါ။ တဖက် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် လီဗာပူးနဲ့ စပါးတို့က ဖေဖော်ဝါရီ ၇ ရက်မှာ လီဗာပူးရဲ့အိမ်ကွင်း အမ်ဖီးလ်မှာ ယှဉ်ပြိုင်ကြမှာပါ။
ပထမအကျော့တုန်းက စပါးအသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိထားပါတယ်။ EFL ဗိုလ်လုပွဲစဉ်ကို လာမယ့် မတ်လ ၁၇ ရက်မှာ ဝင်ဘလေကွင်းမှာ ကျင်းပသွားမှာဖြစ်ပါတယ်။