
အာဆင်နယ်အသင်းအနေနဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ တိုက်စစ်မှူးသစ် ခေါ်ယူနိုင်ခြင်းမရှိတဲ့အပေါ်စိတ်ပျက်မိကြောင်း နည်းပြအာတေတာက ပြောသွားပါတယ်။
နည်းပြအာတေတာဟာ ဂျေဆု နဲ့ ဆာကာတို့ ဒဏ်ရာရနေတဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းလိုပေမဲ့ တိုက်စစ်မှူးသစ် ခေါ်ယူဖို့ အဆင်မပြေဖြစ်ခဲ့တာပါ။
အသင်းအပေါ် အကျိုးသက်ရောက်မှုပေးနိုင်တဲ့ ကစားသမားတယောက် ခေါ်ယူဖို့ ရှင်းလင်းတဲ့ ရည်မှန်းချက်ရှိခဲ့ပေမဲ့ မလုပ်ဆောင်နိုင်ခဲ့တဲ့အပေါ် စိတ်ပျက်မိကြောင်း၊ အသင်းရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီမယ့် ကစားသမားမျိုးကိုသာ ခေါ်ယူလိုတာဖြစ်ကြောင်း နည်းပြ အာတေတာက ပြောပါတယ်။
အာဆင်နယ်အသင်းဟာ အပြောင်းအရွှေ့မပိတ်ခင်မှာ ဗီလာတိုက်စစ်မှူး အိုလီဝက်ကင်စ်နဲ့ အေစီမီလန်က စပိန်တိုက်စစ်မှူး မိုရာတာတို့ကို ခေါ်ယူဖို့ ချိတ်ဆက်ခဲ့သေးပေမဲ့ အဆင်မပြေဖြစ်ခဲ့ပါတယ်။