Home
အားကစား
ကစားသမားများ ထိန်းသိမ်းနိုင်ခြင်းမရှိသည့် အာဆင်နယ်ကို အက်ဖ်အေက အရေးယူ
DVB
·
January 31, 2025
Photo : Reuters

ဝုဗ်အသင်းနဲ့ပွဲစဉ်မှာ ကစားသမားတွေကို ထိန်းသိမ်းနိုင်ခြင်းမရှိမှုနဲ့ အာဆင်နယ်ကို အင်္ဂလန် အက်ဖ်အေက အရေးယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဝုဗ်အသင်းနဲ့ ပွဲချိန် ၄၃ မိနစ်မှာ အာဆင်နယ်နောက်ခံလူ လူးဝစ်စကယ်လီကို အနီကတ်ပြသပြီး ထုတ်ပယ်ခဲ့တဲ့အပေါ် ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာကို အာဆင်နယ်ကစားသမားတွေက ဝိုင်းဝန်း စောဒကတက်ခဲ့ကြတာပါ။

လူးဝစ်စကယ်လီရဲ့ အနီကတ်ပြစ်ဒဏ်အပေါ် အယူခံတင်သွင်းမှုကို အက်ဖ်အေက လက်ခံပြီး အနီကတ်ပြစ်ဒဏ်ကို ပြန်လည်ပယ်ဖျက်ပေးခဲ့ပေမဲ့ ဒိုင်လူကြီးကို ဝိုင်းဝန်းစောဒကတက်ခဲ့တဲ့ အပေါ်မှာတော့ အရေးယူဖို့ ဆုံးဖြတ်ခဲ့တာပါ။

အာဆင်နယ် ကစားသမားတွေဟာ မသင့်တော်တဲ့ အပြုအမူ လုပ်ဆောင်ခဲ့ကြပြီး အသင်းဘက်ကလည်း ကစားသမားတွေကို လုံလောက်တဲ့ထိန်းသိမ်းနိုင်မှု မရှိခဲ့ကြောင်း၊ ဖြစ်စဉ်နဲ့ပတ်သက်လို့ ဖေဖော်ဝါရီ ၃ ရက် နောက်ဆုံးထား ဖြေရှင်းချက်ပေးဖို့ အင်္ဂလန်အက်ဖ်အေက သတင်းထုတ်ပြန်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013