
အာဆင်နယ်တောင်ပံတိုက်စစ်မှူး ဘူကာရိုဆာကာဟာ ဒဏ်ရာကနေပြန်လည်သက်သာလာတာ ကြောင့် အပေါ့စားလေ့ကျင့်ခန်းတွေ ပြန်လည်ပြုလုပ်နေပါတယ်။
အာဆင်နယ်ဟာ အခုတပတ်ပွဲစဉ်မှာ အက်ဖ်အေဖလားပွဲစဉ်ကစားဖို့ မရှိတာကြောင့် ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှာသွားရောက် လေ့ကျင့်နေတာပါ။
အဲဒီလေ့ကျင့်ရေးခရီးစဉ်မှာ ဆာကာလည်း လိုက်ပါသွားခဲ့ပြီး သူ့ရဲ့ဒဏ်ရာအခြေအနေက မျှော်လင့်ထားတာထက် ပိုစောပြီးပြန်လည်သက်သာလာခဲ့တာပါ။
ဆာကာဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလနောက်ဆုံးအပတ်က တံကောက်ကြောဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီး လက်ရှိ အခြေအနေအရ လာမယ့်မတ်လအတွင်းမှာ ပြန်လည်ကစားနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။