
တိုက်စစ်မှူး ကိုင်ဟာဗက်ဇ်ကြောင့် အာဆင်နယ်အသင်း ချန်ပီယံဆုဖလားနဲ့ ဝေးကွာစေလိမ့်မယ်လို့ လီဗာပူး တိုက်စစ်မှူးဟောင်း ရော်ဘီဖောင်လာက သုံးသပ်သွားပါတယ်။
အသက် ၂၅ နှစ်ရှိ ဂျာမနီတိုက်စစ်မှူးဟာ ပရီးမီးယားလိဂ် ၂၁ ပွဲမှာ ၉ ဂိုးသွင်း ၃ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ထားပေမဲ့ ချန်ပီယံဖြစ်လိုတဲ့ အသင်းတသင်းအတွက် လုံလောက်မှု မရှိကြောင်း ရော်ဘီဖောင်လာက ပြောပါတယ်။
ကိုင်ဟာဗက်ဇ်ရဲ့ စွမ်းဆောင်ရည်က အဆင်ပြေနေပေမဲ့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ဆုဖလားတွေကို ရယူမယ့် အသင်းတသင်းအနေနဲ့ဆိုရင်တော့ ဟာဗက်ဇ်ထက် ပိုကောင်းတဲ့ တိုက်စစ်မှူး လိုအပ်တယ်လို ရော်ဘီဖောင်လာက ပြောသွားပါတယ်။
ဒါအပြင် ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ တိုက်စစ်မှူး မဝယ်ယူနိုင်ခဲ့တာက အာဆင်နယ်အသင်း အမှားလုပ်ဆောင်ခဲ့တာဖြစ်ကြောင်း ထောက်ပြသွားပါတယ်။