
ပင်လယ်နက်ထဲမှာ ဘေးကင်းလုံခြုံမှုရှိရှိ ရေကြောင်းသွားလာနိုင်ရေး သေချာစေဖို့နဲ့ ၂ နိုင်ငံ စလုံးမှာရှိတဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေအပေါ် တိုက်ခိုက်မှုတွေကို တားမြစ်ရေး အကောင်အထည်ဖော်ဖို့ ယူကရိန်းနဲ့ ရုရှားတို့နဲ့ သီးခြားစီ သဘောတူထားတယ်လို့ အမေရိကန်ပြည်ထောင်စုက မတ်လ ၂၅ ရက်မှာ ပြောပါတယ်။
ယူကရိန်းနိုင်ငံရဲ့ ပင်လယ်နက် ဆိပ်ကမ်းမြို့ဖြစ်တဲ့ ဩဒက်ဆာမြို့က အထူးသဖြင့် ဆိပ်ကမ်း အဆောက်အအုံတွေဟာ ရုရှားကျူးကျော်စစ်ရဲ့ ၃ နှစ်ကျော်ကာလအတွင်း ရုရှားက ပစ်မှတ်ထား တိုက်ခိုက်တာတွေကို မကြာခဏ ခံခဲ့ရပါတယ်။
ရုရှားရဲ့ စိုက်ပျိုးရေးနဲ့ ဓာတ်မြေသြဇာတင်ပို့မှုတွေ ကမ္ဘာ့ဈေးကွက်ဆီ ပြန်ရောက်ဖို့ အမေရိကန် အစိုးရက ကူညီမှာဖြစ်ပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းရာမှာ နှစ်ဖက်စလုံးက ဆွေးနွေးပွဲတွေကို ဆက်ကူညီဆောင်ရွက်ပေးမယ်လို့ အမေရိကန် သမ္မတ အိမ်ဖြူတော်က ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။
Source: Reuters