ပင်လယ်နက်အထက် ကောင်းကင်ပေါ်မှာ ဗြိတိန်ထောက်လှမ်းရေး လေယာဉ် တစင်းလို့ ယူဆရတဲ့ ဗီဒီယိုမှတ်တမ်း တခုကို အောက်တိုဘာ ၂၀ ရက်မှာ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
ရုရှားဘက်က ဗြိတိန်စစ်ဘက်ဆိုင်ရာ လေယာဉ် ၃ စီးကို လေပိုင်နက်ထဲ မဝင်ရောက်နိုင်အောင် Su-27 တိုက်လေယာဉ် ၂ စီးနဲ့ တားဆီးခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ အတည်ပြုပါတယ်။
အောက်တိုဘာ ၁၉ ရက်မှာ ရုရှားနယ်စပ်ကို ချဉ်းကပ်လာခဲ့တဲ့ "လေကြောင်း ပစ်မှတ် ၃ခု" အပေါ် ကြားဖြတ်ဟန့်တားဖို့ရာ ဂျက်လေယာဉ်တွေ စေလွှတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါဟာ RC-135 ကင်းထောက်လေယာဉ် ၁ စင်းနဲ့ တိုင်ဖွန်း ဖိုက်တာလေယာဉ် ၂ စင်းတို့ ဖြစ်ကြောင်း ဖော်ထုတ် ခဲ့ပါတယ်။
ဒါ့အပြင် ယူကရိန်းနဲ့ ရုရှားတို့ရဲ့ လပေါင်း ၂၀ နီးပါးကြာ စစ်ပွဲအတွင်း ပင်လက်နက်ဟာ ပိုမိုအရေး ပါလာတဲ့ ဇာတ်ခုံတခုဖြစ်တယ် ဆိုပြီး ဖော်ပြထားပါတယ်။
ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကတော့ အသံ ထက်မြန်တဲ့ ကင့်ဇယ်(Kinzhal) ဒုံးကျည်တွေနဲ့အတူ ပင်လက်နက်အထက်မှာ တိုက်လေယာဉ်တွေကို ကင်းလှည့်ဖို့အတွက် အမိန့်ပေးထားတယ်လို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters