
ဘာစီလိုနာအသင်းဟာ အကယ်ဒမီအသင်းက လူငယ်ကစားသမား ၁၀ ယောက်အထိ လက်လွှတ် ရနိုင်တယ်လို့ သိရပါတယ်။
ဘာစီလိုနာအသင်းကြီးလူစာရင်းမှာ အကယ်ဒမီအသင်းက လူငယ်ကစားသမားတွေ ပါဝင်ကစားနေပေမဲ့ လာမယ့်ရာသီမှာ ကစားသမား ၁၀ ယောက်အထိ အသင်းကနေ ထွက်ခွာဖို့ရှိနေတာပါ။
အများစုက စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ဘာစီလိုနာဘက်က သက်တမ်းတိုးဖို့ ကမ်းလှမ်းခြင်းမရှိတာကြောင့် အသင်းနေ အစုလိုက်အပြုံလိုက်ထွက်ခွါဖို့ရှိ ကြောင်း စပိန်သတင်းစာ SPORT ကဖော်ပြပါတယ်။
လာမိန်းယာမယ်နဲ့ ပါအိုကူဘာစီတို့လို ဆယ်ကျော်သက်ကစားသမားတွေက အသင်းကြီးမှာ နေရာယူ ခြေစွမ်းပြသနေကြတာကြောင့် လာမာစီယာအကယ်ဒမီက ကစားသမားတွေကို ဥရောပအသင်းတွေကလည်း ခေါ်ယူဖို့ မျက်စိကျလာခဲ့ပါတယ်။
ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့နွေရာသီက ဘာစီလိုနာကြယ်ပွင့်တိုက်စစ်မှူး မက်ဂူယူကို ပေါင် ၅ သန်းနဲ့ ခေါ်ယူခဲ့ပါသေးတယ်။
Photo: Reuters