
ဘာစီလိုနာအသင်းဟာ လူငယ်ကြယ်ပွင့် လာမိန်းယာမဲလ်ကို အသင်းတိုက်စစ်မှူးဟောင်း မက်ဆီ ထက်ပိုကောင်းတဲ့ကစားသမားဖြစ်လာဖို့ မျှော်လင့်ထားတယ်လို့သိရပါတယ်။
အသက် ၁၇ နှစ်ပဲရှိသေးတဲ့ စပိန်လက်ရွေးစင်ကစားသမားဟာ ဆယ်ကျော်သက်အရွယ်မှာပဲ ဥရောပ ချန်ပီယံဆုဖလားရ ယူနိုင်ခဲ့ပြီး ဘာစီလိုနာနဲ့ စပိန်အသင်းရဲ့ အကောင်းဆုံး ကစားသမားဖြစ်လာခဲ့တာပါ။
အခုနှစ်ရာသီ ပြိုင်ပွဲစုံ ၃၁ ပွဲ မှာ ၁၁ ဂိုးသွင်း ၁၃ ကြိမ်ဂိုးဖန်တီးထားတဲ့ ယာမဲလ်ဟာ တချိန်မှာ မက်ဆီထက် ပိုကောင်းတဲ့ကစားသမားဖြစ်လာဖို့အထိ မျှော်လင့်ထားကြောင်း ဘာစီလိုနာအသင်းအားကစားဒါရိုက်တာဌာန တာဝန်ရှိသူ အန်ဒရီယာမန်ချီနီက ပြောပါတယ်။
သူဟာ အီတလီနည်းပြမန်ချီနီရဲ့ အငယ်ဆုံးသားဖြစ်ပြီး အားကစားဒါရိုက်တာ ဒေကိုရဲ့ လက်အောက်မှာ တာဝန်ယူနေသူပါ။
ဘာစီလိုနာအသင်းဟာ တစ်ရာသီကို လူငယ်အသင်းက ကစားသမား အနည်းဆုံး ၄-၅ ယောက် အထိ ခေါ်ယူဖို့ စီစဉ်ထားကြောင်းလည်း မန်ချီနီက ပြောသွားပါတယ်။
Photo-Reuters