
လူငယ်တိုက်စစ်ကစားသမား အန်းဆုဖာတီအနေနဲ့ ပွဲထွက်ခွင့်မရသေးပေမဲ့ နောက်ကွယ်မှာ အကောင်းဆုံးကြိုးစားနေကြောင်း ဘာစီလိုနာနည်းပြ ဟမ်ဆီဖလစ်ခ်က ပြောသွားပါတယ်။
အသက် ၂၂ နှစ်ရှိ စပိန်တိုက်စစ်ကစားသမားဟာ ဘာစီလိုနာမှာ မက်ဆီ ဝတ်ဆင်ခဲ့တဲ့ ကျောနံ ပါတ် ၁၀ ကို ဝတ်ဆင်ခွင့်ရရှိခဲ့သူဖြစ်ပြီး ဒဏ်ရာပြဿနာတွေကြောင့် ခြေစွမ်းကျဆင်းသွားခဲ့ရတာပါ။
လာလီဂါမှာ ၄ ပွဲသာ ကစားခွင့်ရသေးတဲ့ ဖာတီဟာ မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာရှိနေဆဲဖြစ်ပြီး ပွဲထွက်ခွင့်ရဖို နောက်ကွယ်မှာ အကောင်းဆုံးကြိုးစားနေကြောင်း နည်းပြ ဖလစ်ခ်ကပြောသွား ခဲ့တာပါ။
ဖာတီဟာ ဘာစီလိုနာရဲ့ လုပ်ခအများဆုံးကစားသမားတွေထဲက တယောက်ဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ရောင်းချဖို စီစဉ်ခဲ့ပေမဲ့ ဖာတီက ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာပါ။
စပိန်လက်ရွေးစင်အတွက် ၁၀ ပွဲကစားခဲ့တဲ့ဖာတီဟာ မနှစ်ကရာသီကလည်း ဘရိုက်တန်အသင်းမှာ တရာသီစာချုပ်နဲ့ အငှားထွက်ကစားခဲ့ရပါသေးတယ်။