ဇန်နဝါရီ ၁၃ ရက် ဒီနေ့မနက် အစောပိုင်းက ကစားခဲ့တဲ့ စပိန်စူပါဖလား ဗိုလ်လုပွဲစဉ်မှာ ဘာစီလိုနာအသင်းဟာ ရီးရဲလ်မက်ဒရစ်ကို စောစောစီးစီး ဂိုးတွေသွင်းယူပြီး ၅ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဦးဆောင်ဂိုးကို ရီးရဲလ်အသင်းက သွင်းယူခဲ့ပေမဲ့ ပထမပိုင်းမှာတင် ဘာစီလိုနာက ၄ ဂိုး ပြန်သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ၁၅ ကြိမ်မြောက် စပိန်စူပါဖလားကို သမိုင်းတွင် အောင်မြင်ခဲ့တာပါ။
ရီးရဲလ်အတွက် ပွဲချိန် ၅ မိနစ်မှာ အမ်ဘာပေက အဖွင့်ဂိုး သွင်းယူပေးခဲ့ပေမဲ့ ဘာစီလိုနာ အသင်းဘက်က ပွဲချိန် ၂၂ မိနစ်မှာ လီဝန်ဒေါစကီးရဲ့ ပေးပို့တဲ့ ဘောလုံးကို လာမိုင်းရာမယ်က သွင်းယူပေးခဲ့လို့ ချေပဂိုးရရှိခဲ့ပြီး ပွဲချိန် ၃၃ မိနစ်မှာလည်း ရရှိတဲ့ ပင်နယ်တီကို လီဝန်ဒေါစကီး သွင်းယူခဲ့ပါတယ်။
ပွဲချိန် ၃၉ မိနစ်နဲ့ နာကျင်အချိန်ပို ၁၀ မိနစ်မှာ အလီဂျန်ဒို ဘလိတ်နဲ့ ရာဖင်ဟာတို့က အသီးသီး ဂိုးသွင်းယူခဲ့လို့ ပထမပိုင်းမှာတင် ဘာစီလိုနာက ဂိုးပြတ်အသာနဲ့ ကစားနိုင်ခဲ့တာပါ။
ဒုတိယပိုင်း ပွဲအစမှာတင် ရာဖင်ဟာက ဘာစီလိုနာအတွက် နောက်ထပ်တဂိုး ထပ်မံသွင်းယူခဲ့ပါတယ်။
ပွဲချိန် မိနစ် ၆၀ မှာ တယောက်ထုတ်ခံထားရတဲ့ ဘာစီလိုနာကို ရီးရဲလ်အသင်းက ရိုဒရီဂိုက တဂိုး ထပ်မံသွင်းယူခဲ့ပေမဲ့လည်း ပွဲအပြီးမှာ ၅ ဂိုး ၂ ဂိုးနဲ့ ဘာစီလိုနာ အနိုင်ရ ဗိုလ်စွဲသွားပါတယ်။