အသင်းဟောင်း ဘာစီလိုနာအသင်းဆီ ပြန်လည်ပြောင်းရွှေ့နိုင်တယ်ဆိုတဲ့ သတင်းတွေအပေါ် အင်တာမိုင်ယာမီအသင်း တိုက်စစ်မှူး မက်ဆီက ငြင်းဆန်သွားပါတယ်။
မက်ဆီရဲ့ မိသားစုနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိသူ လာတိုယာက အင်တာမိုင်ယာမီနဲ့ စာချုပ်သက်တမ်း ကုန်ပြီးရင် သူ ပျော်ရွှင်ခဲ့ရတဲ့ အသင်းဟောင်းဆီ ပြန်လည် ပြောင်းရွှေ့ဖို့ရှိကြောင်း ပြောခဲ့တာပါ။
မက်ဆီကတော့ အဲဒီလိုသတင်းတွေ မမှန်ကန်ကြောင်းနဲ့ မိမိရဲ့နေရာက ဘာစီလိုနာအသင်းမှာ မဟုတ်ကြောင်း ပြန်လည်ဖြေရှင်းခဲ့တာပါ။
မက်ဆီဟာ မိုင်ယာမီနဲ့ အခုနှစ်အတွင်းမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပေမဲ့ နှစ်ဖက်စလုံးက စာချုပ်သက်တမ်းတိုးဖို့ အဆင်သင့်ဖြစ်နေကြတယ်လို့ သိရပါတယ်။