ဘာစီလိုနာအသင်းဟာ ကွင်းလယ်တိုက်စစ်ကစားသမား ဒန်နီ အော်လ်မိုကို ကစားသမား မှတ်ပုံတင်စာရင်းမှာ ထည့်သွင်းဖို့ အယူခံတင်သွင်းခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။
အော်လ်မိုဟာ အခုနှစ်ရာသီအစပိုင်းက ဂျာမန်ကလပ် လိုက်ပ်ဇစ်ကနေ ပေါင် ၅၁ သန်းခန့်နဲ့ ပြောင်းရွှေ့လာသူပါ။
ပထမရာသီဝက်ကာလအတွက် မှတ်ပုံတင်ခွင့်ရခဲ့ပေမဲ့ လာလီဂါရဲ့ လုပ်ခကန့်သတ်ချက်ကို ဘာစီလိုနာအသင်းက မလိုက်နာနိုင်ခဲ့တာကြောင့် ဒုတိယရာသီဝက်အတွက် မှတ်ပုံတင်ခွင့် မရခဲ့တာပါ။
ဒီအခြေအနေကြောင့် အော်လ်မိုကို ရောင်းချဖို့ ပိုမိုနီးစပ်လာခဲ့ပြီး ပရီးမီးယားလိဂ်ကလပ်တွေက ခေါ်ယူဖို့ အခွင့်အရေး ကောင်းမွန်လာခဲ့ပါတယ်။
စပိန်ကွင်းလယ်လူဟာ ဘာစီလိုနာနဲ့ ၁၅ ပွဲမှာ ၆ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။