
ဘာစီလိုနာအသင်းဟာ လာလီဂါမှာအကောင်းဆုံးအသင်း ဖြစ်တယ်လို့ ပြိုင်ဘက် အက်သလက်တီကို နည်းပြဒီယေဂိုဆီမြွန်နီက ချီးကျူးသွားပါတယ်။
ဘာစီလိုနာအသင်းရဲ့ တိုက်စစ်က အလွန်ကောင်းမွန်ပြီး အသင်းလိုက် စုစည်းမှုလည်းရှိကြောင်း၊ ကစားသမားတွေရဲ့ လျင်မြန်မှုဟာလည်း အလွန်ထူးချွန်ကြောင်းလည်း ဆီမြွန်နီက ပြောပါတယ်။
ဖေဖော်ဝါရီ ၉ ရက်က ရီးရဲလ်မက်ဒရစ် အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ မက်ဒရစ်ဒါဘီပွဲစဉ်မှာ တဖက်တဂိုးစီနဲ့ သရေကျပြီးနောက် ဆီမြွန်နီက ချီးကျူးခဲ့တာပါ။
ဘာစီလိုနာက အကောင်းဆုံးအသင်းလို့ မှတ်ချက်ပေးခဲ့တဲ့အပေါ် ကိုယ် ထင်မြင်သလို ပြောဆိုနိုင်ပြီး လာလီဂါက အလွန်ပြိုင်ဆိုင်မှု ပြင်းထန်လို အဆုံးအထိ တိုက်ပွဲဝင်သွားရမယ်လို့ ရီးရဲလ်မက်ဒရစ်နည်းပြ အန်စလော့တီက ပြောသွားပါတယ်။