
မတ်လ ၈ ရက် မနေ့က ယှဉ်ပြိုင်ကစားဖို့စီစဉ်ခဲ့တဲ့ ဘာစီလိုနာနဲ့ အိုဆာဆူနာအသင်းတို့ရဲ့ လာလီဂါ ဘောလုံးပွဲစဉ်ကို ရုတ်တရက် ရွှေ့ဆိုင်းခဲ့ရပါတယ်။
ကန်တလန်အသင်းရဲ့ ဆရာဝန် ကာလ်းမင်နာရိုဂါစီယာ ကွယ်လွန်သွားခဲ့တာကြောင့် နှစ်ဖက်အသင်းသားတွေဟာ ပြိုင်ပွဲမတိုင်ခင် သွေးပူလေ့ကျင့်ခန်းတွေကို စတင်ခဲ့ပြီးချိန်မှ ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ရတာပါ။
လာလီဂါရဲ့ ထုတ်ပြန်ချက်အရ မကြာခင်ရက်ပိုင်းအတွင်း ထပ်မံယှဉ်ပြိုင်ရမယ့် ပွဲချိန်ကို ပြိုင်ပွဲကျင်းပရေးကော်မတီက ပြန်လည်ရေးဆွဲပေးလိမ့်မယ်လို့ သိရပါတယ်။
ဘာစီလိုနာအသင်းရဲ့ ဘုတ်အဖွဲ့ဝင် ဒါရိုက်တာတွေကလည်း အခုလို အသင်းရဲ့ ဆရာဝန်ဖြစ်သူ ဆုံးပါးခဲ့တဲ့အပေါ် မိသားစုဝင်တွေနဲ့ထပ်တူ ဝမ်းနည်းရပါကြောင်း ကြေညာခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ လာလီဂါ အမှတ်ပေးဇယားမှာ ရမှတ် ၅၇ မှတ်ထိ ရရှိထားပြီး အက်သလက်တီကိုမက်ထရစ်ကို ၂ မှတ်ဖြတ်ထားပြီး ဇယားရှေ့ကနေ ဦးဆောင်နေပါတယ်။
Source : Reuters