
ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘာစီလိုနာအသင်းထက် ချန်ပီယံဖြစ်ဖို့ရေပန်းစားတဲ့ အသင်းတသင်းသာရှိတယ်လို့ လူငယ်ကြယ်ပွင့်ယာမဲလ်က သုံးသပ်သွားပါတယ်။
ဘာစီလိုနာအသင်းဟာ လာလီဂါနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ စွမ်းဆောင်ရည်ပြသနိုင်ခဲ့ပြီး ချန်ပီယံဖြစ်ဖို့ ရေပန်းစားတဲ့အသင်းတသင်းအဖြစ် သတ်မှတ်ခံထားရတာပါ။
ဘာစီလိုနာကြယ်ပွင့်ယာမဲလ်ကတော့ ချန်ပီယံလိဂ်မှာ ဘာစီလိုနာထက်ရေပန်းစားတဲ့ အသင်း တသင်းသာရှိကြောင်း သုံးသပ်ခဲ့တာပါ။
အဲဒီအသင်းက လီဗာပူးအသင်းဖြစ်ပြီး ရေပန်းအစားဆုံးဖြစ်နေတာကလည်း အဆင့်တစ် နေရာမှာရပ်တည်နိုင်ခဲ့တာကြောင့်ဖြစ်ကြောင်း ယာမဲလ်က ပြောပါတယ်။
ဘာစီလိုနာနဲ့ စာချုပ်သစ်ကိစ္စအပေါ်မှာတော့ နှစ်ဖက်စလုံးက ဆန္ဒရှိမယ်ဆိုရင် သက်တမ်းတိုးဖို့ ဖြစ်လာလိမ့်မယ်လို့ ယာမဲလ်က ပြောပါတယ်။
ဘာစီလိုနာ ဟာယာမဲလ်ရဲ့ အသက် ၁၈ နှစ်ပြည့်ချိန်မှာ ၂၀၃၀ ပြည့်နှစ်အထိ နှစ်ရှည်သက်တမ်းတိုး စာချုပ် ချုပ်ဆိုသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
Photo: Reuters