Home
မြန်မာသတင်း
ကရင်နီတွင် WY ဆေးပြား ၄၀,၀၀၀ ကျော် ဖမ်းမိ
DVB
·
March 19, 2025

ကရင်နီ (ကယား) ပြည်နယ်မှာရှိတဲ့ ကျေးရွာတွေကနေ မူးယစ်ဆေးဝါးတွေထဲက တမျိုး အပါအဝင်ဖြစ်တဲ့ WY ဆေးပြား ၄၀,၀၀၀ ကျော်ကို ၂၀၂၅ ခုနှစ် ၃ လတာကာလအတွင်း ကရင်နီပြည်ရဲဌာန (KSP) က သိမ်းဆည်းရမိတယ်လို့ ပြောပါတယ်။

ရက်ပေါင်း ၈၀ အတွင်း WY ဆေးပြား ၄၂,၃၉၂ ပြား သိမ်းဆည်းရမိပြီး ရောင်းဝယ်သူနဲ့ သုံးစွဲသူတွေကို အရေးယူဖို့အတွက် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

KSP ဒုရဲချုပ် ၂ ကိုဘိုဘိုက “ဖမ်းဆီးရေးအဖွဲ့တွေကနေ ရှောင်တခင်စစ်ဆေးတာတို့၊ ဂိတ်တွေမှာ စစ်ဆေးတာတို့၊ သတင်းအရ ဖမ်းဆီးရမိပြီဆိုရင်တော့ သက်ဆိုင်ရာ ရဲစခန်းအလိုက် ရဲစခန်းမှာ အမှုဖွင့်တယ်။ ပြီးရင် ရမန်ယူတယ်၊ အမှုတည်ဆောက်တယ်။ ပြီးရင် ဥပဒေအကြံတောင်းတယ်။ အဲဒါပြီးတော့ ကရင်နီပြည်တရားရုံးက တရားရေးဌာနတွေမှာ တရားစွဲတင်ပို့တယ်ဗျ” လို့ ပြောပါတယ်။

မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ကရင်နီပြည်ရဲဌာနမှာရှိတဲ့ ရဲစခန်း ၁၆ ခုနဲ့ Special Task Force တို့က မူးယစ်ဆေးဝါး ဖမ်းဆီးတာတွေ၊ မှုခင်းနှိမ်နင်းရေးတွေပြုလုပ်နေပြီး မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေးဟောပြောမှုတွေကို ကျောင်းတွေ၊ ရွာတွေအလိုက် ပို့ချပေးနေပါတယ်။

KSP ကို စတင်တည်ထောင်ခဲ့ခြင်း ၃ နှစ်ပြည့်အခမ်းအနားဖြစ်တဲ့ ၂၀၂၄ ခုနှစ် သြဂုတ် ၂၅ ရက်က ၃ နှစ်အတွင်း ဖမ်းဆီးရမိတဲ့ WY စိတ်ကြွရူးသွပ်ဆေးပြား ၇၄,၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ ပါတယ်။

KSP တည်ထောင်ပြီးတဲ့ ၃ နှစ်ကျော် ကာလမှာ WY စိတ်ကြွရူးသွပ်ဆေးပြား ၁၁၆၀၀၀ ကျော် အထိ ဖမ်းဆီးရမိတယ်လို့ KSP ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013