Home
မြန်မာသတင်း
ဝေါ၊ ပြည်ကြီးတံခွန်နှင့် ကျိုင်းတုံတွင် ငွေကျပ် ၄ ဘီလီယံ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ 
DVB
·
March 17, 2025
Photo: CCDAC

ပဲခူးတိုင်း၊ ဝေါမြို့နယ်မှာ ငွေကျပ် ၃ ဒသမ ၇ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၅ သိန်းကျော် ဖမ်းဆီးရမိတယ်လို့  မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က မတ် ၁၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

မူးယစ်ရဲတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့က မတ် ၁၀ ရက် မနက် ၅ နာရီခွဲက ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီး မန္တလေးမှ ဘားအံဘက်သို့ ဝေဖြိုးမောင်(ခ)ကိုဖြိုး မောင်းနှင်ပြီး မမာလာကျော် လိုက်ပါလာတဲ့ DONG FENG ၂၂ ဘီးတွဲယာဉ်ကို သတင်းအရ ရှာဖွေခဲ့တာမှာ   ယာဉ်ရဲ့ ရေတိုင်ကီအံဝှက်အတွင်း သိုဝှက်သယ်ဆောင်လာတဲ့  ဒေသကာလ တန်ဖိုးငွေကျပ် ၃ ဒသမ ၇ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၅ ဒသမ ၃ သိန်း သိမ်းဆည်းရမိခဲ့တာလို့ ဆိုပါတယ်။

စစ်ဆေးဖော်ထုတ်ချက်အရ အဆိုမူးယစ်ဆေးတွေဟာ ရန်ကြားရှော့(ခ)ကုလား ဆိုသူက  ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မှ ကရင်ပြည်နယ်၊ ဘားအံသို့ သယ်ဆောင်ခိုင်းခဲ့တာလို့ သိရပြီး ကွင်းဆက်တရားခံကို ဖမ်းဆီးရမိဖို့ ကြိုးစားနေပြီး လက်ရှိ မူးယစ်ဆေး သယ်ဆောင်သူတွေကို အရေးယူမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

အလားတူ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်မှာလည်း ငွေကျပ် ၁ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၃၀ ဒသမ ၈ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၅၄ သိန်း ဖမ်းဆီးရမိတယ်လို့ ထုတ်ပြန်ထားပါတယ်။

မတ် ၉ ရက် မနက် ၅ နာရီခွဲလောက်က မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်မှာ ဟန်ဝင်းအောင် မောင်းနှင်ပြီး နိုင်မင်းထက်နဲ့ စိုးမိုးအောင်တို့ လိုက်ပါလာတဲ့ NISSAN CONDOR ၆ ဘီးမော်တော်ယာဉ်ကို သတင်းအရရှာဖွေရာမှာ ယာဉ်ပေါ်တွင် ဂျပ်စက္ကူအဟောင်းများ၊ ရေသန့်ဘူးခွံတွေနဲ့  ဖုံးအုပ်သယ်ဆောင်လာတဲ့ မူးယစ်ဆေးတွေ သိမ်းဆည်းရမိခဲ့တာပါ

မတ်လ ၁၁ ရက်ကလည်း ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်မှာ  ငွေကျပ်သိန်း ၇,၃၅၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားနှင့် ဘိန်းဖြူ ဘလောက်တုံးများ ဖမ်းဆီးရမိ CCDAC MYANMAR က ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013