Home
နိုင်ငံတကာ
အမေရိကန် တောမီး၊ လေဆင်နှာမောင်းနှင့် မုန်တိုင်းကြောင့် လူ ၃၉ ဦးထက်မနည်း သေဆုံး
DVB
·
March 17, 2025
Photo : ABC AFFILIATES KTUL AND KOCO

မကြုံစဘူး ဆိုးရွားပြင်းထန်တဲ့ ရာသီဥတု အခြေအနေ ရိုက်ခတ်ခံရလို့ အမေရိကန်နိုင်ငံတလွှား  တောမီးတွေ၊ လေဆင်နှာမောင်းတွေနဲ့ ဖုန်မုန်တိုင်းတွေ တိုက်ခတ်ခဲ့တဲ့အတွက် မတ် ၁၇ ရက်အထိ ရတဲ့စာရင်းအရ လူ ၃၉ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဖိုင်နန်ရှယ် ရီဗျူး သတင်းဌာနက ဖော်ပြပါတယ်။

အိုကလာဟိုးမားပြည်နယ်မှာ တောမီးလောင်လို့ ဧက ၁၇၀,၀၀၀ ထက်မနည်း ပျက်စီးခဲ့တယ်လို့ အရာရှိတွေက မတ် ၁၅ ရက်မှာ ပြောပါတယ်။

မတ် ၁၇ ရက်ထိ ဆက်လောင်ကျွမ်းနေဆဲ တောမီးကြောင့် လူနေအိမ် အလုံး ၄၀၀ ကျော် ပျက်စီးခဲ့တယ်လို့ ပြည်နယ် အရေးပေါ်စီမံခန့်ခွဲရေးဌာနက မတ် ၁၆ ရက် ညနေမှာ ပြောပါတယ်။

ခြောက်သွေ့ပြီး လေပြင်းတိုက်နေတဲ့ ရာသီဥတု အခြေအနေကြောင့် ပြည်နယ်တလွှား တခြားနေရာတွေကိုပါ တောမီးက ကူးစက်လောင်ကျွမ်းနေတာပါ။

အိမ်တွေ၊ ကားတွေ မီးလောင်ပျက်စီးနေပုံကို ကောင်းကင်ဓာတ်ပုံတွေကနေ တွေ့ရပါတယ်။

တောမီးနဲ့ လေပြင်းကြောင့် သေဆုံးသူ ၄ ယောက်နဲ့ ဒဏ်ရာရသူ ၁၄၂ ယောက် ရှိပြီး လူထောင်ချီ လျှပ်စစ်ဓာတ်အား ပြတ်တောက်နေတယ်လို့ အိုကလာဟိုးမား ဆေးဘက်စစ်ဆေးရေး အရာရှိချုပ်ကို ကိုးကားပြီး ပြည်နယ် အရေးပေါ်စီမံရေးရုံးက အတည်ပြုပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013