စစ်ကောင်စီက သင်္ကြန်ပွဲကျင်းပပြုလုပ်ဖို့ ရန်ကုန် မြို့တော်ခန်းမရှေ့မှာ မဏ္ဍပ်စတင်တည်ဆောက်နေပြီလို့ အနီးနားမှာနေထိုင်သူတွေဆီက သိရပါတယ်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီက မြို့တော်ခန်းမအပါအဝင် မြို့နယ်အသီးသီးမှာ မဏ္ဍပ်တွေထိုးပြီး သင်္ကြန်ပွဲတွေကို နှစ်စဉ်ကျင်းပပေးခဲ့ပေမဲ့ ပြည်သူတွေ ပါဝင်တာမရှိတဲ့အတွက် မြို့တော်ခန်းမရှေ့မှာသာ သူတို့ငှားရမ်းထားတဲ့ လူတွေနဲ့သာ အနည်းငယ်စည်ကားလေ့ရှိတာကြောင့် မြို့တော်ခန်းမရှေ့ မဏ္ဍပ်ကို စတင်တည်ဆောက်နေပြီလို့ ဆိုပါတယ်။
အရင်နှစ်သင်္ကြန်မှာတော့ မြို့တော်ခန်းမရှေ့မဏ္ဍပ်နဲ့ လမ်းလျှောက်သက်ြန်တို့ကို ထည့်သွင်းပြုလုပ်ခဲ့ပြီး ဒီနှစ်မှာတော့ မြို့တော်ခန်းမရှေ့က မဏ္ဍပ်ကိုသာ စတင်တည်ဆောက်နေဆဲဖြစ်ပြီး လမ်းလျှောက်သင်္ကြန်ကျင်းပဖို့ တည်ဆောက်နေတာတော့ မတွေ့ရသေးဘူးလို့ ရန်ကုန်မြို့ခံတယောက်က ပြောပါတယ်။
ရန်ကုန်မှာ သင်္ကြန်ကို စစ်ကောင်စီက ပြည်သူ့ရင်ပြင်နဲ့ မြို့တော်ခန်းမရှေ့တို့မှာသာ အဓိကကျင်းပလေ့ရှိပြီး အာဏာမသိမ်းခင်က စည်ကားခဲ့တဲ့ နေရာတွေမှာတော့ ဒီနေ့အထိ ကျင်းပနိုင်တာမျိုး မရှိသေးပါဘူး။
သင်္ကြန်မတိုင်ခင်မှာ စီးပွားဖြစ်မဏ္ဍပ်တွေ တည်ဆောက်ဖို့ ခွင့်ပြုချက် လျှောက်လွှာတွေ နှစ်တိုင်းခေါ်ယူခဲ့ပေမဲ့ လျှောက်ထားသူ ဘယ်သူမှမရှိခဲ့တာ ဒီနေ့အထိဖြစ်ပါတယ်။