Home
သတင်းဓာတ်ပုံ
ရန်ကုန်တွင် အလုပ်သမားအရေး ဓာတ်ပုံကမ်ပိန်းပြုလုပ်
DVB
·
March 11, 2025
Photo : Y4B
Photo : Y4B
Photo : Y4B
Photo : Y4B
Photo : Y4B
Photo : Y4B
Photo : Y4B
Photo : Y4B

ရန်ကုန်မြို့ရဲ့ လူစည်ကားရာ ဈေး၊ ဘူတာ၊ လမ်းမတွေမှာ စစ်ကောင်စီကို ဆန့်ကျင်တဲ့ ရန်ကုန်တော်လှန်လူငယ်တွေက အလုပ်သမားအရေး ဓာတ်ပုံကမ်ပိန်းတွေ မတ် ၁၁ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ Y4B က ပြောပါတယ်။

ဓာတ်ပုံကမ်ပိန်းမှာ “ ILO IMPLEMENT ARTICLE 33 ON MYANMAR NOW 2025 “ ၊ “ ၂၀၂၅ ILO ပုဒ်မ ၃၃ အရ ချက်ချင်းအရေးယူပေး” စတဲ့ စာသားတွေ ပါဝင်ပါတယ်။

Y4B သတင်းပြန်ကြားတာဝန်ရှိသူက “ ၁၅ ရက်နေ့မှာ ကျင်းပမယ့် ILOအစည်းအဝေးအတွက် ကမ်ပိန်းတွေကို ကျနော်တို့အဖွဲ့ကော၊ ရန်ကုန်အင်အားစုအချို့ကပါ ပူးပေါင်းပြီး ဆက်တိုက်‌လုပ်ဆောင်နေပါတယ်။ မြန်မာနိုင်ငံက အလုပ်သမားတွေရဲ့အခွင့်အရေးချိုးဖောက်၊ ဖိနှိပ်မှုတွေကို ILO ကသိရှိပြီး စစ်တပ်ကို ပိတ်ဆို့အရေးယူနိုင်စေဖို့ ရည်ရွယ်ပါတယ်”လို့ ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာအလုပ်သမားထုရဲ့ အခြေခံလွတ်လပ်ခွင့်၊ လုပ်ပိုင်ခွင့်၊ အခွင့်အရေးတွေအပေါ် မတရားဖိနှိပ်တားမြစ်ခံနေရတာဖြစ်ပါတယ်။

ဒါကြောင့် ဒီလှုပ်ရှားမှုရဲ့ အဓိကရည်ရွယ်ချက်ကတော့ စစ်ကောင်စီကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) အနေနဲ့ “ Article 33 “ ပုဒ်မ ၃၃ အရ ထိထိရောက်ရောက် အရေးယူဖို့ တိုက်တွန်းထားတာ ဖြစ်ပါတယ်။

ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ - Yangon 4 brother ( Y4B ) အဖွဲ့ဟာ မတ် ၉ ရက်တုန်းကလည်း ရန်ကုန်မြို့က လူစည်ကားရာ ရထားဘူတာနဲ့ ကားမှတ်တိုင်တွေမှာ ရုရှားသမ္မတပူတင်နဲ့ မင်း‌အောင်လှိုင်တို့ရဲ့ ဖမ်းဝရမ်းပုံတွေကို စာရွက်ကပ်လှုပ်ရှားမှုတွေကို ပြုလုပ်ခဲ့ပါတယ်။

ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့မှာ Linn Yaung Ni Youth Organization (LYNYO) ၊ Mayangone Democratic Front (MDF) ၊ Kyimyindaing Networks (KMD18) နဲ့ Owl Community တို့ ပါဝင်ပါတယ်။

မတ် ၁၀ ရက်ကလည်း ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့နဲ့ ရန်ကုန်မြို့က မြေပြင် သပိတ်အင်အားစုတွေက “ILO A 33 MYANMAR 2025 “ စာသားပါ အင်္ကျီတွေ ဝတ်ဆင်ပြီး အလုပ်သမားထုအပေါ် စစ်ကောင်စီရဲ့ ဖိနှိပ်နေမှုတွေကို ILO ညီလာခံမှာ အရေးယူပေးဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013