Home
မြန်မာသတင်း
ညောင်တုန်းမြို့အနီး မြေငလျင်လှုပ်
DVB
·
March 5, 2025
Photo: မိုးဇလ

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့အနီးကို ဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၅ ဒသမ ၁ အဆင့်ရှိ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တခု မတ် ၅ ရက် ဒီမနက်အစောပိုင်းက လှုပ်ခတ်သွားတယ်လို့ မိုးဇလ ဌာနက သတင်းထုတ်ပါတယ်။

ဒီနေ့မနက် မြန်မာစံတော်ချိန် မနက် ၄ နာရီ၊ ၃၆ မိနစ်၊ ၄၇ စက္ကန့်က ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက် ၃၃ မိုင်ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံ ပြည်တွင်း ညောင်တုန်းမြို့ရဲ့ အရှေ့တောင်ဘက် ၆ မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၁၆  ဒသမ ၉၆ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒသမ ၆၆ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင် လှုပ်ရှားသွားတာလို့ ဆိုပါတယ်။

ငလျင်လှုပ်ခတ်မှုကို ညောင်တုန်းဒေသခံတွေသာမက ရန်ကုန်မြို့နေ ပြည်သူတွေပါ သိရှိ ခံစားလိုက်ရပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှု သတင်းတွေကတော့ မရရှိသေးပါဘူး။

မတ် ၃ ရက်မနက်ကလည်း ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့အနီး ဗဟိုပြုပြီး အင်အားရစ်ချ်တာ စကေး  ၄ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခု လှုပ်ခတ်သွားပါတယ်။

ဒါ့အပြင် မတ် ၁ ရက် ညနေကလည်း မန္တလေးတိုင်း၊ ညောင်ဦးမြေငလျင်စခန်းရဲ့ တောင်ဘက် ၆၁ မိုင်ခန့်ကွာဝေးတဲ့ မင်းဘူးမြို့ရဲ့ မြောက်-အရှေ့မြောက်ဘက် ၁၀ မိုင်ခန့်အကွာက မြေပြင်အနက် ၁၂၃ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၃ ဒသမ ၈ အဆင့်ရှိ ငလျင်တခု လှုပ်ခတ်သွားပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013