Home
မြန်မာသတင်း
မိုးဗြဲတိုက်ပွဲတွင် ၃ လအတွင်း SSRY တပ်ရင်းက ရဲဘော် ၅ ဦး ကျဆုံး
DVB
·
March 10, 2025
Photo: Sizz Wai /Wa Toke
Photo: Sizz Wai /Wa Toke
Photo: Sizz Wai /Wa Toke
Photo: Sizz Wai /Wa Toke
Photo: Sizz Wai /Wa Toke
Photo: Sizz Wai /Wa Toke
Photo: Sizz Wai /Wa Toke
Photo: Sizz Wai /Wa Toke
Photo: Sizz Wai /Wa Toke

ရှမ်းပြည်နယ်နဲ့ ကရင်နီနယ်စပ်မှာရှိတဲ့ မိုးဗြဲအနီးက တိုက်ပွဲမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး အင်အားစုတွေကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး ၂၀၂၅ ခုနှစ် ၃ လတာအတွင်း Southern Shan Revolutionary Youth-SSRY တပ်ရင်းက ရဲဘော် ၅ ယောက် ကျဆုံးခဲ့ရတယ်လို့ တပ်ရင်းက တဆင့်သိရပါတယ်။

မတ် ၈ ရက်မှာ တပ်ရင်းက ရဲဘော် ပြည့်ဖြိုးဇင် ခေါ် ကိုပြည့် ကျဆုံးခဲ့ရပြီး ၉ ရက်မှာ တော့ ကျဆုံးရဲဘော်အတွက် ဈာပနအခမ်းအနား ပြုလုပ်ပေးခဲ့ပါတယ်။

တပ်ရင်း တာဝန်ရှိသူက “အရင်လက ကျသွားတဲ့ ရဲဘော် ၃ ယောက်နဲ့အတူတူ ထိတဲ့ရဲဘော်ပါ။ မနေ့က ကျသွားတာ။ သူက သရက်ရွက်လှီးထုတ်လိုက်ရပြီး ခွဲစိတ်မှု ၄ ကြိမ်လောက် လုပ်လိုက်ရတယ်”လို့ ပြောပါတယ်။

ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ရဲဘော် ၁ ယောက် ကျဆုံးရပြီး ဇန်နဝါရီ ၂၇ ရက်မှာ ၃ ယောက် ကျဆုံးခဲ့ရကာ မတ် ၈ ရက်မှာ ရဲဘော် တယောက် ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ကျဆုံးရဲဘော်တွေကို အာဇာနည် သူရဲကောင်းအဖြစ် အသိအမှတ်ပြု အလေးထားပြီး တော်လှန်ရေးအတွက် ဆက်လက်ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

မိုးဗြဲမှာ စစ်ကောင်စီတပ်က နယ်မြေစိုးမိုးမှု ရရှိနိုင်ဖို့အတွက် စစ်ကြောင်းထိုးနေပြီး လေကြောင်းကနေ ဗုံးကြဲတာ၊ မီးလောင်ဗုံးကြဲတာ၊ ဒရုန်းနဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ဆက်တိုက်ပြုလုပ်နေပြီး တော်လှန်ရေးအင်အားစု​တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013