Home
မြန်မာသတင်း
သာပေါင်းတွင် စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲပြင်းထန်
DVB
·
March 7, 2025

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ ဆင်ကနီခုံရွာနဲ့ ကွင်းကလေးကျေးရွာမှာ မတ် ၇ ရက် မနက်ကစပြီး စစ်ကောင်စီတပ်ဘက်က ထိုးစစ်ဆင်ဝင်ရောက်လာတာကြောင့် အာရက္ခတပ်တော်နဲ့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်ဘက်က စက်တပ်လေထီးတွေနဲ့ ဗုံကြဲတိုက်ခိုက်နေတဲ့အပြင် လက်နက်ကြီးတွေနဲ့ပါ ရမ်းသန်းပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

သာပေါင်းဒေသခံတယောက်က “လက်နက်ကြီးသံ တမနက်လုံးကြားနေရတယ်။ စက်တပ်လေထီးတွေလည်း တစီးပြီးတစီး ပျံသန်းနေတယ်။ အရင်ရက်တွေထက် ဒီကနေ့ပိုပြီး ကြားနေရတယ်။ မတ်လ ၄ ရက်နေ့ကတည်းက စစ်သားတွေကို ခုတိုက်ပွဲဖြစ်နေတဲ့ဘက်ကို ကားတွေနဲ့ပို့ပေးနေတာ တွေ့ရတယ်” လို့ DVB ကို ပြောပါတယ်။

မတ် ၂ ရက်က သာပေါင်းမြို့နယ် သဲဖြူရွာအနီးမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ကင်မွန်းချင်တောင် ကာကင်းစခန်းကို အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာကြောင့် စစ်ကောင်စီတပ်က စစ်မှုထမ်း တပ်သားသစ်တွေကိုပါ ပို့ဆောင်ပြီး စစ်ကူအင်အားတွေ ဖြည့်တင်းနေတာလို့ ဆိုပါတယ်။

ပုသိမ်မြို့အနီးတဝိုက်ကိုလည်း မနက် ၁၀ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်က Mi 35 လေယာဉ် နဲ့ ကင်းပတ်နေတယ်လို့ ပုသိမ်မြို့ တော်လှန်ရေးအင်အားစု၊ ကင်းထောက်အဖွဲ့ဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013