ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ အမှတ်၁ရဲစခန်းမှ ရဲတပ်ကြပ်တယောက် ပြီးခဲ့တဲ့ မတ် ၂ ရက် နေ့လယ် ၁၂ နာရီခွဲဝန်းကျင်က တောင်ငူမြို့အဝင်၊ ထီးလှိုင်ကျုံးထဲကို ရေးဆင်းကူးရာမှ ရေနစ်သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သေဆုံးသွားတဲ့ အသက် ၃၉ နှစ်အရွယ် ရဲတပ်ကြပ်အလောင်းအား မတ် ၃ ရက် ၃ နာရီ ၁၀ မိနစ်မှ ပြန်လည်ရှာဖွေတွေ့ ရှိခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“သေသွားတဲ့သူက အမှတ် ၁ ရဲစခန်းက ရဲတပ်ကြပ်တယောက်ပါ။ သူအဖော်နဲ့ ကျုံးဘေးမှာ အရက်သောင်နေရင်း သူက ရေဆင်းကူးတာ၊ အဲဒီမှာ ရေနစ်ပြီးသေသွားတာ။”
သေဆုံးသွားတဲ့ ရဲတပ်ကြပ်အလောင်းအား တောင်ငူမြို့ရှိပရဟိတ အသင်းတွေက ဝိုင်းဝန်းရှာဖွေ ကယ်ဆယ်ရေးလုပ်ခဲ့ကြတာလို့ ဒေသခံအမျိုးသမီးတယောက်က DVB ကို ပြောပါတယ်။
“ပရဟိတ အသင်းက အစ်ကိုတွေ၊ မောင်တွေ စရေနစ်ကတည်းက ဝိုင်းရှာကြတာမတွေ့ဘူး၊ နောက်နေ့ဆိုလည်း မနက် ၅ နာရီလောက်ကတည်းက ထပြီးရှာတာ ညနေဘက်မှာတွေ့တယ်။ ရေနစ်တဲ့နေရာနဲ့ အလောင်းတွေ့တဲ့နေရာက ၁၅ ပေလောက်ကွာတယ်။ အလောင်းကိုတော့ မနေ့က တောင်ငူဆေးရုံပို့ထားတယ်။ ခုရက် တောင်ငူမှာ မီးလောင်လိုက်၊ ရေနစ်လိုက်နဲ့ ပရဟိတအသင်းတွေလည်းမနားရဘူး။”
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်ကလည်း အုတ်တွင်းမြို့နယ် ခပေါင်းနက်စင်ကုန်း တိုးဂိတ်အနီးက OK ဆီပန့်အနောက် ရိုးလေးချောင်းအတွင်း သားအမိ ရေးဆင်းချိုးရာမှ နှစ်ယောက်လုံး ရေနစ်ပြီး အသက် ၁၃ နှစ်အရွယ် သမီးဖြစ်သူ အသက်ဆုံးရှုံးခဲ့ရပါတယ်။