Home
မြန်မာသတင်း
ဘောလခဲ ခမရ ၄၂၉ တပ်ရင်းက တပ်သား ၁ ဦး လက်နက်နှင့်တကွ အလင်းဝင်
DVB
·
March 3, 2025

ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ် အခြေစိုက် ခမရ ၄၂၉ တပ်ရင်းက ​စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်မှုထမ်း တပ်သား တယောက်ဟာ မတ် ၁ ရက်က Loikaw Local PDF ဆီမှာ အလင်းဝင်လာခဲ့ပါတယ်။

အလင်းဝင်လာသူက ကျောက်ဆည်မြို့ကဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ အပတ်စဥ် ၄ စစ်သင်တန်း ဆင်းပြီးတဲ့နောက် ဘောလခဲတပ်ရင်းကို ရောက်ချိန် အလင်းဝင်လာတာ ဖြစ်ပါတယ်။

အလင်းဝင်လာချိန်မှာ MA1 သေနတ် တလက်၊ ကျည်ဘောက် ၂ ဘောက်၊ ကျည်ဆန်တို့နဲ့အတူ ဘက်ပြောင်းခိုလှုံလာခဲ့ပြီး မြို့ပေါ်မှာ နေတုန်းက ရှောင်တခင်စစ်ဆေးခံရကာ လူသစ် စုဆောင်းတဲ့အထဲ ပါလာရသူလို့ ဆိုပါတယ်။

Loikaw Local PDF ရဲ့ ဗဟိုပြန်ကြားရေးတာဝန်ခံ ကိုလင်းလင်းက “ကြိုဆိုရမယ် ပြည်သူ့စစ်မှုထမ်း ပစ ဖြစ်ဖြစ်၊ အမြဲ စစ်မှုထမ်းနေတဲ့သူပဲဖြစ်ဖြစ် စစ်ကောင်စီကို ချေမှုန်းနိုင်ဖို့ အင်အားလျော့ဖို့က CDM နည်းက အကောင်းဆုံးပဲ။ ဆို​တော့ လာရောက်ပူးပေါင်းပါ။ သူတို့ရဲ့ နှစ်သက်ရာ ရွေးချယ်မှုတွေကိုလည်း ဦးစားပေးပါတယ်”လို့ ပြောပါတယ်။

လာရောက်ပူးပေါင်းလိုတဲ့ စစ်မှုထမ်းဥပဒေကြောင့် ရှေ့တန်းရောက်လာသူတွေ၊ အရာရှိ စစ်သည်တွေ၊ အောက်ခြေတပ်သားတွေ၊ Non CDM တွေကို နွေးနွေးထွေးထွေးကြိုဆိုပြီး ပူးပေါင်းသူရဲ့ စိတ်ဆန္ဒအလိုက် လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးမှာဖြစိတယ်လို့ဆိုပါတယ်။

စစ်ကောင်စီတပ်က စစ်မှုထမ်းဥပဒေ ကြေညာပြီးတဲ့နောက် Lokiaw Local PDF တပ်ရင်းဆီမှာ ဘက်ပြောင်းခိုလှုံလာတဲ့သူ ၇ ယောက်ရှိနေပြီလို့ တပ်ရင်းက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013