Home
နိုင်ငံတကာ
အမေရိကန် လေယာဉ်တင်သင်္ဘော တောင်ကိုရီးယားဆိပ်ကမ်းတွင် ဆိုက်ကပ်အင်အားပြ
DVB
·
March 3, 2025
Photo: REUTERS/Marco Garcia

အမေရိကန်လေယာဉ်တင်သင်္ဘော USS Carl Vinson ဟာ တောင်ကိုရီးယားနိုင်ငံတောင်ပိုင်းက ဘူဆန်မြို့မှာ မတ်လ ၂ ရက်က ဆိုက်ကပ်၊​ အင်အားပြခဲ့ကြောင်း တောင်ကိုရီးယားရေတပ်က ထုတ်ပြန်ပါတယ်။

မြောက်ကိုရီးယားက မဟာဗျူဟာမြောက် ပဲ့ထိန်းဒုံးကျည်တွေ စမ်းသပ်ပစ်လွှတ်ခဲ့ပြီး နျူကလီးယား တိုက်ခိုက်မှုလုပ်ဖို့ အသင့်ပြင်ထားဖို့ ခေါင်းဆောင် ကင်မ်ဂျုံအန်းက အမိန့်ပေးခဲ့ပြီး ရက်ပိုင်းအကြာမှာ ဒီလေယာဉ်တင်သင်္ဘော ရောက်ရှိလာတာ ဖြစ်ပါတယ်။ 

လေယာဉ်တင်သင်္ဘော ဆိုက်ကပ်တာဟာ  အမေရိကန်ပြည်ထောင်စုရဲ့ အရံအတားအဖြစ် ကာကွယ်ပေးဖို့ သံမဏိလို ခိုင်မာတဲ့ သန္နိဋ္ဌာန်ကို ပြသမှုဖြစ်သလို မြောက်ကိုရီးယားအရေးမှာ ဆိုးလ်နဲ့ ပြုံယမ်းရဲ့ စစ်ဘက် မဟာမိတ်ဖြစ်မှုကို ပြသတာဖြစ်တယ်လို့ တောင်ကိုရီးယားရေတပ်က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့နှစ်ဇွန်လက နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော USS Theodore Roosevelt ဘူဆန်မှာ ဆိုက်ကပ်ပြီး စစ်ရေးလေ့ကျင့်ခဲ့တဲ့ နောက်ပိုင်း နောက်ထပ် တစင် ရောက်လာတာ ဖြစ်ပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013