Home
မြန်မာသတင်း
အမေရိကန်တွင် ကားတိုက်ခံရပြီး ကွယ်လွန်သွားခဲ့သည့် မြန်မာအမျိုးသမီး၏ အမည်ဖြင့် လမ်းနာမည်ပြောင်း   
DVB
·
February 27, 2025

ကားတိုက်ခံရပြီး ကွယ်လွန်သွားခဲ့တဲ့ မြန်မာအမျိုးသမီး ဒေါ်စန်တူမာယာ အမှတ်တရ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊  ဥက္ကလံမြို့မှာ သူ့ရဲ့ အမည်နဲ့  Santu Maya Way လို့ နာမည်ပြောင်းလဲခေါ် ဆိုလိုက်ပါတယ်။

လမ်းနာမည်ပြောင်းလဲတဲ့ အခမ်းအနားကို ဥက္ကလံမြို့၊  Foothill & Vickburge လမ်းထောင့်မှာ ဒေသအချိန် ဖေဖေါ်ဝါရီ  ၂၆ ရက် နေ့လယ်က ကျင်းပခဲ့တာမှာ ကျန်ရစ်သူ မိသားစုဝင်တွေနဲ့အတူ  သံဃာတော်တွေ၊ မြို့မိမြို့ဖတွေ၊ အုပ်ချုပ်ရေးအရာရှိတွေ၊ မြန်မာအသိုက်အဝန်းက တက်ရောက်ခဲ့ပါတယ်။ 

၂၀၂၃ ဇွန် ၁၆ ရက်က  ကယ်လီဖိုးနီးယားပြည်နယ်၊ ဥက္ကလံမြို့သို့ သားသမီးတွေနဲ့အတူ နေထိုင်ဖို့ ပြောင်းရွေ့နေထိုင်လာတဲ့ အသက် ၇၃ နှစ်အရွယ်  ဒေါ်စန်တူမာယာဟာ ယာဉ်တိုက်ခံရပြီး လမ်းပေါ်မှာ ကွယ်လွန်သွားခဲ့တာပါ။

ဒေါ်စန်တူမာယာဟာ နေအိမ်အနီး လမ်းလျှောက်နေချိန် မဆင်မခြင် အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်လာတဲ့ ကားတစီးက သူ့ကိုဝင်တိုက်ပြီး ထွက်ပြေးသွားတာလည်း ဖြစ်ပါတယ်။ 

နောက်ပိုင်းမှာတော့ သူ့ရဲ့ကျန်ရစ်သူ မိသားစုနဲ့ အတူ ဥက္ကလံမြို့ခံတွေနဲ့ မီဒီယာတွေရဲ့ မရပ်မနား အားထုတ်မှုကြောင့် ကားတိုက်ပြေးသူ တရားခံကို ဖမ်းဆီးရမိပြီး ဥပဒေနဲ့အညီ အရေးယူနိုင်ခဲ့ပါတယ်။

ဒီလို ဝမ်းနည်းဖွယ်ဖြစ်ရပ်ကို အများပြည်သူတို့ အမှတ်တရအသိအမှတ်ပြုတဲ့အနေနဲ့ ဥက္ကလံမြို့တော်အုပ်ချုပ်ရေးအဖွဲ့က ဒေါ်စန်တူမာယာ ကွယ်လွန်ခဲ့ရတဲ့ လမ်းဆုံမှ လမ်းအမည်ကို မူလ ဗစ်ဇဘတ်လမ်းအစား  စန်တူမာယာလမ်း (Santu Maya Way) အဖြစ် ဖေဖော်ဝါရီ ၂၆ ရက်မှာ အခမ်းအနားနဲ့ ပြောင်းလဲခေါ်ဆိုခဲ့ ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013