Home
နိုင်ငံတကာ
ဗြိတိန် ဂီတဆုပေးပွဲ BRIT တွင် Charli XCX ၏ Brat အယ်လ်ဘမ်အောင်ပွဲခံ
DVB
·
March 3, 2025
Photo: REUTERS/Isabel Infantes

Brat ဆိုတဲ့ အယ်လ်ဘမ်နဲ့ ခေတ်ရေစီးကြောင်းအပေါ် သက်ရောက်မှုရှိစေခဲ့ အဆိုတော် Charli XCX ဟာ မတ် ၁ ရက်ကကျင်းပတဲ့  ဗြိတိန်ရဲ့ ပေါ့ပ်ဂီတဆုပေးပွဲဖြစ်တဲ့ BRIT မှာ ဆု ၅ ဆု ရပြီး အောင်ပွဲခံခဲ့ပါတယ်။

မြန်မာလို "ဇိုး"၊ ကောင်ဆိုးလေးလို့ ပြောလို့ရတဲ့  Brat  ဆိုတဲ့ ဝေါဟာရကို Charli XCX နဲ့ သူ့ပရိသတ်တွေက အဓိပ္ပာယ်ပြန်ဖွင့်ခဲ့ကြတာပါ။

အရှိကိုအရှိတိုင်း ကိုယ့်တန်ဖိုးထားမှုနဲ့ ယုံကြည်မှုတွေအတွက် နောင်တမရတဲ့   ပါတီပွဲကြိုက်တဲ့၊ ရိုးသား၊ ပွင့်လင်း၊ နည်းနည်းအရိုင်းဆန်တဲ့သူမျိုးလို့  ဖွင့်ဆိုခဲ့ကြတာဖြစ်ပါတယ်။

ဒီအယ်လ်ဘမ်ဟာ ခေတ်ရေစီးကြောင်းမှာ  ယဉ်ကျေးမှုအရရော နိုင်ငံရေးအရပါ လွှမ်းမိုးမှုရှိခဲ့ပါတယ်။

အမေရိကန်အမျိုးသမီးသမ္မတလောင်း ကမ်မလာဟားရစ်ရဲ့ လူမှုကွန်ရက်ပေါ်က မဲဆွယ်လှုပ်ရှားမှုတွေမှာ ဒီအယ်လ်ဘမ်ရဲ့ သံပရာစိမ်းရောင်ကို အသုံးပြုခဲ့ပြီး  သူ့ကို Brat  (ဇိုး) အဖြစ် သရုပ်ဖော်ခဲ့ကြပါသေးတယ်။

Charli XCX  ဟာ ဒီအယ်လ်ဘမ်နဲ့ တနှစ်တာ အကောင်းဆုံး တေးလ်အယ်လ်ဘမ်ဆု၊ တနှစ်တာ အကောင်းဆုံးအနုပညာရှင်ဆု၊ အကောင်းဆုံးအကဆုတွေ ရခဲ့ပါတယ်။

သူ့ရဲ့ ဘီလီအိုင်းလစ်ရှ်နဲ့ အတူတွဲဆိုထားတဲ့ သီချင်းဖြစ်တဲ့ Guess ကလည်း အကောင်းဆုံး သီချင်းဆု  ရရှိခဲ့ပါတယ်။

အသက် ၃၂ နှစ်အရွယ် ပေါ့စတားဟာ တနှစ်တာ အကောင်းဆုံးတေးရေးဆရာဆုပါ ရခဲ့ပါတယ်။ ၂၀၁၃ မှာ ပထမဆုံး စတူဒီယိုအယ်လ်ဘမ် စထွက်ခဲ့တဲ့ အဆိုတော်အတွက် Brat ဟာ ဆဋ္ဌမမြောက်အယ်လ်ဘမ် ဖြစ်ပါတယ်။ 

အဖွဲ့သား ၅ ယောက်ပါ  ဂျက်ဇ်ဂီတအဖွဲ့ Ezra Collective ကတော့  တနှစ်တာ အကောင်းဆုံးအဖွဲ့ဆု ရခဲ့ပါတယ်။

အမေရိကန်အဆိုတော် ရှပဲလ်ရုန်းက တနှစ်တာအကောင်းဆုံး နိုင်ငံတကာ တေးသီချင်းဆုကို  Good Luck, Babe! သီချင်းနဲ့ ရရှိခဲ့ပါတယ်။

ဆုပေးပွဲအခမ်းအနားမှာ One Direction အဆိုတော် လီယန်ပိန်းအတွက် ဂုဏ်ပြုအခမ်းအနားလည်း ထည့်သွင်းခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013