Home
နိုင်ငံတကာ
ဗြိတိန်တွင် ရွှေအိမ်သာအိုး ခိုးယူခဲ့သည့် တရားခံ ၃ ဦးအား ရုံးတင်စစ်ဆေး
DVB
·
February 26, 2025
Photo : THAMES VALLEY POLICE

ဗြိတိန် ဘလန်ဟိုင်းမ်စ်နန်းတော်က ရွှေအိမ်သာအိုးကို ခိုးယူသွားတဲ့ သူခိုးတွေရဲ့ရုပ်ပုံကို အင်္ဂလန်အရှေ့တောင်ပိုင်းရှိ သိမ်းမ်စ် တောင်ကြားဒေသကို တာဝန်ယူထားတဲ့ သိမ်းမ်စ်ဗယ်လီ ရဲတပ်ဖွဲ့က စောင့်ကြည့်ဗီဒီယိုကတဆင့် ထုတ်ပြန်လိုက်ပါတယ််

ကွယ်လွန်သူ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဝင်စ်တန် ချာချီလ်ရဲ့ မွေးရပ်မြေမှာ အနုပညာလက်ရာ တခုအဖြစ် ခင်းကျင်းပြသထားတဲ့ ၁၈ ကာရက်ရှိ ရွှေအိမ်သာအိုးကို ဖောက်ထွင်းခိုးယူမှုနဲ့ အမျိုးသား ၃ ယောက်ကို ဖေဖော်ဝါရီ ၂၄ ရက်က အင်္ဂလိပ်တရားရုံး‌တခုမှာ ရုံးတင်စစ်ဆေးခဲ့ပါတယ်။

ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်မှုရှိတဲ့ နေရာတခုဖြစ်ပြီး ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်နေရာလည်းဖြစ်တဲ့ အင်္ဂလန်တောင်ပိုင်းရှိ ချာချီလ်ရဲ့ မိသားစု မျိုးရိုးစဉ်ဆက် နေထိုင်ရာ နှစ်ပေါင်း ၃၀၀ သက်တမ်းရှိ ဘလန်ဟိုင်းမ်စ် နန်းတော်မှ အီတလီအနုပညာရှင် မော်ရီချိုး ကတ်တဲလန်ရဲ့ အမေရိကန်လို့ နာမည်ပေးထားတဲ့ အနုပညာလက်ရာ ရွှေအိမ်သာအိုး ခိုးယူခံခဲ့ရတာပါ။

၂၀၁၉ ခုနှစ် စက်တင်ဘာ ၁၄ ရက် မနက်အရုဏ်မတက်ခင်အချိန်မှာ လူ ၅ ယောက်ပါ အုပ်စုတဖွဲ့ဟာ ခိုးယူလာတဲ့ ကား ၂ စီးနဲ့ သော့ခတ်ထားတဲ့ သစ်သားတံခါးတွေကို တိုက်ဖြတ်ကာ နန်းတော်မြေထဲကို မောင်းနှင် ဝင်ရောက်လာကြောင်း အစိုးရရှေ့နေ ဂျူလီယန် ခရစ္စတိုဖာက ပြောပါတယ်။

သူတို့ဟာ ပြတင်းပေါက်မှ ချိုးဖျက် ဖောက်ထွင်းဝင်ရောက်ကာ သစ်သားတံခါးကို ဖြိုချပြီးတော့ နံရံကနေ ရွှေအိမ်သာအိုးကို ဖြုတ်ခွာယူသွားတာ ဖြစ်ပါတယ်။ ၅ မိနစ်လောက်အကြာမှာပဲ အဆောက်အအုံအတွင်းကနေ ထွက်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။

အလေးချိန် ၉၈ ကီလိုဂရမ်ရှိတဲ့ အိမ်သာကို ဒေါ်လာ ၆ သန်း အာမခံထားပါတယ်။ ဒါကို ရောင်းချဖို့ဆိုရင် ရွှေပမာဏ အနည်းငယ်စီ လှီးဖြတ် ခွဲထုတ်ယူပြီး လုပ်နိုင်တယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013