
ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနဟာ အခု ဖေဖော်ဝါရီလမှာ ဗြိတိန်ရှိ သီးသန့်စစ်စခန်းတခုမှာ ယူကရိန်းတပ်သားသစ်တွေကို လေ့ကျင့်သင်တန်းပေးနေပုံကို ပြသထားတဲ့ ဗီဒီယိုကို ထုတ်ပြန်ခဲ့ပါတယ်။
ဒီလေ့ကျင့်ရေးဟာ ရုရှားနဲ့ စစ်တိုက်နေတဲ့ ယူကရိန်းစစ်သားတွေကို လေ့ကျင့်ပေးဖို့ ရည်ရွယ်တဲ့ ဗြိတိန်ဦးဆောင်တဲ့ အစီအစဉ် Operation Interflex ရဲ့ တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။
ဒီအစီအစဉ်ဟာ ၂၀၂၂ ခုနှစ် နွေရာသီကတည်းက စုဆောင်းထားတဲ့ တပ်သားသစ် ၅၁,၀၀၀ ကို လေ့ကျင့်ပေးခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။
ဖေဖော်ဝါရီ ၁၇ ရက်က အရေးပေါ်ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့တဲ့ ဥရောပခေါင်းဆောင်တွေဟာ တိုက်ကြီးရဲ့ ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ဖို့ မြင့်မားတဲ့အသုံးစရိတ်ကို တောင်းဆိုခဲ့ကြပေမဲ့ ယူကရိန်းမှာ ငြိမ်းချမ်းရေးတပ်ဖွဲ့တွေ တပ်ဖြန့်ထားဖို့ စိတ်ကူးအယူအဆမှာတော့ ကွဲလွဲနေခဲ့ပါတယ်။
ငြိမ်းချမ်းရေးသဘောတူညီချက်မပါဘဲ ယူကရိန်း အပစ်အခတ်ရပ်စဲရေးကို တချိန်တည်းမှာ အဆုံးသတ် နိဂုံးချုပ်လိုက်ရင် အန္တရာယ်ရှိနိုင်ကြောင်းလည်း ခေါင်းဆောင်တွေက သဘောတူညီခဲ့ကြပါတယ်။
“အမေရိကန် ထောက်ခံမှု အဆင့်ပေါ် မူတည်ပြီး” ယူကရိန်းကို လုံခြုံရေး အာမခံချက်ပေးဖို့ အဆင်သင့်ဖြစ်နေကြောင်းလည်း ဥရောပအရာရှိတယောက်က ပြောပါတယ်။
အစည်းအဝေး မတိုင်ခင်တုန်းက ငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်တွေကို စေလွှတ်ဖို့ ဆန္ဒရှိကြောင်း ပြောကြားခဲ့တဲ့ ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာက ဥရောပနိုင်ငံတွေကို နိုင်ငံခြားတိုင်းပြည်မှာ တိုက်ခိုက်ရေးတပ်ဖွဲ့တွေကို တပ်ချထားဖို့က အမေရိကန်ရဲ့ လုံခြုံရေး နောက်ခံပံ့ပိုးမှု ရှိရမယ်လို့လည်း တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။
Source : Reuters