Home
နိုင်ငံတကာ
တရုတ်နှင့် ဗြိတိန်ကြား  ၅နှစ်ကြာ စီးပွားရေးသဘောတူညီချက်ထားရှိ 
DVB
·
January 12, 2025
Photo-Reuters

ဗြိတိန်ဘဏ္ဍာရေးဝန်ကြီး ရေချယ် ရီးဗ်စ်က အခုသီတင်းပတ်ကုန်ပိုင်းမှာ တရုတ်နိုင်ငံနဲ့ ရခဲ့တဲ့ သဘောတူညီချက်တွေဟာ ဗြိတိန်စီးပွားရေးအတွက် လာမယ့် ၅ နှစ်အတွင်း ပေါင်သန်း ၆၀၀ (အမေရိကန်ဒေါ်လာ ၇၃၂ သန်း) တန်ဖိုးရှိတယ်လို့ ဇန်နဝါရီ ၁၁ ရက်မှာ ပြောပါတယ်။

သဘောတူညီချက်တွေထဲမှာ ဘဏ္ဍာရေးဝန်ဆောင်မှုတွေနဲ့ ကုန်သွယ်မှုကို ပိုမိုနက်ရှိုင်းလာစေဖို့နဲ့ လယ်ယာထွက်ကုန် တင်ပို့မှု တိုးချဲ့ဖို့ ကတိကဝတ်တွေလည်း ပါပါတယ်။

တရုတ်နဲ့ တကျော့ပြန်ဆက်ဆံရေးဟာ ဗြိတိန်စီးပွားရေးအတွက် တန်ဖိုး စတာလင်ပေါင် ၁ ဘီလီယံ အထိ ပေးဖို့ လမ်းစကို ချမှတ်ထားပြီးသား ဖြစ်တယ်လို့ တရုတ်ဒုဝန်ကြီးချုပ် ဟော့လိဖန်းနဲ့ တရုတ်မြို့တော် ဘေဂျင်းမှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရီးဗ်စ် က  ပြောပါတယ်။ 

ဗြိတိန်ဘဏ္ဍာရေးဝန်ကြီးဟာ  ပြည်တွင်းဘဏ္ဍာရေး ဈေးကွက်မတည်ငြိမ်မှုအတွင်း တရုတ်နိုင်ငံ ဆီ နှစ်ရက်ကြာလာရောက်လည်ပတ်မှုအတွက် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

တရုတ်နဲ့ ဗြိတိန်တို့ဟာ ဘဏ်လုပ်ငန်း၊ အာမခံနဲ့ ပိုင်ဆိုင်မှုစီမံခန့်ခွဲရေး အပါအဝင် နယ်ပယ်မျ ားစွာမှာ ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်မယ်လို့လည်း သူက ပြောပါတယ်။

တရုတ်နိုင်ငံဟာ ဗြိတိန်ရဲ့ စတုတ္ထအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး ကုန်စည်နဲ့ ဝန်ဆောင်မှု တွေရဲ့  ကုန်သွယ်မှုပမာဏက ပေါင် ၁၁၃ ဘီလီယံ (ဒေါ်လာ ၁၃၈ ဘီလီယံ) နီးပါးရှိနေပါတယ်။

ဗြိတိန်နဲ့ တရုတ်နိုင်ငံတို့အကြား အဆင့်မြင့် စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ဆွေးနွေးပွဲတွေကို ၆ နှစ်နီးပါး ရပ်တန့်ထားခဲ့ရာက အခုမှ ပြန်စတင်တာပဲ ဖြစ်ပါတယ်။

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024