တောင်ဆူဒန်နိုင်ငံဟာ ရေနံမြေလုပ်ကွက် ၃ နဲ့ ၇ တို့မှာ ဇန်နဝါရီ ၈ ရက်ကစပြီး ရေနံထုတ်လုပ်မှုကို ကနဦးပစ်မှတ်အဖြစ် တရက် စည် ၉၀,၀၀၀ စတင်ထုတ်ယူဖို့ ရည်မှန်းထားတယ်လို့ ရေနံဝန်ကြီး ပွတ်ကန်ချိုးက ဇန်နဝါရီ ၇ ရက်မှာ ပြောပါတယ်။
လူမျိုးရေးအကြမ်းဖက်မှုတွေကြားက တောင်ဆူဒန်ရဲ့ စီးပွားရေးဟာ လတ်တလော နှစ်တွေအတွင်း ဖိအားတွေရဲ့အောက်မှာ ရှိနေပေမဲ့ အရေးကြီးတဲ့ ရေနံစိမ်းတင်ပို့မှုကရတဲ့ ၀င်ငွေဟာ ဆူဒန်စစ်ပွဲကြောင့် ပို့ကုန်ပြတ်တောက်ပြီး ထိခိုက်နစ်နာခဲ့ရပါတယ်။
လုံခြုံရေးအခြေအနေတွေ ပိုကောင်းလာပြီးတဲ့နောက် ဆူဒန်ဟာ အိမ်နီးချင်း တောင်ဆူဒန်က ရေနံစိမ်းတွေကို ပင်လယ်နီဆိပ်ကမ်းဆီ ပို့ဆောင်တာနဲ့ ပတ်သက်ပြီး တနှစ်နီးပါးကြာနေတဲ့ အကျပ်အတည်းကို သီတင်းပတ်ကုန်ရက်က ဖယ်ရှားခဲ့ပါတယ်။
ဆူဒန်စစ်ပွဲမတိုင်မီက တောင်ဆူဒန်ဟာ ဆူဒန်နိုင်ငံကတဆင့် တင်ပို့ဖို့ တနေ့ကို ရေနံစိမ်း စည်ပေါင်း တသိန်းခွဲကို စုပ်ထုတ်ခဲ့တာပါ။
ဒါဟာ ၂၀၁၁ ခုနှစ်မှာ ဆူဒန်အစိုးရဆီကနေ လွတ်လပ်ရေးရချိန်က သတ်မှတ်ထားတဲ့ ပုံသေနည်းလည်း ဖြစ်ပါတယ်။
Source : Reuters