Home
နိုင်ငံတကာ
အမေရိကန် သမ္မတလောင်းဟားရစ်က လူမည်းများအတွက်ရည်ရွယ်သည့် စီးပွားရေးစီမံကိန်းများ ထုတ်ဖော်ပြသ
DVB
·
October 15, 2024
Photo-Reuters

အမေရိကန်ရဲ့ ဒီမိုကရက်တစ်ပါတီက သမ္မတလောင်း ကမ်မလာ ဟားရစ်ဟာ လျော်ပေးနိုင်တဲ့ အသေးစားလုပ်ငန်းချေးငွေတွေနဲ့ အပန်းဖြေဖို့ တရားဝင် သုံးခွင့်ပြုတဲ့ ဆေးခြောက်လုပ်ငန်းသစ်ကို ဝင်ရောက်ခွင့်တို့ ပါတဲ့ လူမည်းအမျိုးသားတွေအတွက် ရည်ရွယ်တဲ့ မူဝါဒသစ် အဆိုပြုချက်တွေကို အောက်တိုဘာ ၁၄ ရက်မှာ ထုတ်ဖော်ပြသခဲ့ပါတယ်။

သမ္မတဟောင်း ဘားရတ် အိုဘားမား အပါအဝင် ဒီမိုကရက်တစ်ပါတီနဲ့ ဟားရစ်တို့ရဲ့ မဲဆွယ်စည်းရုံးမှုမှာ လူမည်းအမျိုးသားတွေဟာ နိုဝင်ဘာ ၅ ရက်က မဲအရေအတွက်အတိုင်း ဆက်မဲပေးမလား ဒါမှမဟုတ် ဟားရစ်ရဲ့ ရီပတ်ဘလီကန်ပြိုင်ဘက် ဒေါ်နယ်ထရမ့်ပ်ကို ထောက်ခံမလား ဆိုတာနဲ့ ပတ်သက်ပြီး နက်နက်ရှိုင်းရှိုင်း စိုးရိမ်တယ်လို့ ထုတ်ပြောခဲ့ကြပါတယ်။

အရင်တုန်းက ဘိုင်ဒင်နဲ့ အိုဘားမား အပါအဝင် ဒီမိုကရက်တွေကို လူမည်းတွေက တကယ်ကို မြင့်မားတဲ့နှုန်းထားနဲ့ ထောက်ခံခဲ့ပေမဲ့ သူတို့ဟာ ကျစ်လျစ်ခိုင်မာတဲ့ အဖွဲ့အစည်းကြီး မဟုတ်ဘူး ဆိုတာကို အသိအမှတ်ပြုဖို့ အရေးကြီးတယ်၊ သူတို့နဲ့ စကားပြောတဲ့အခါ မူဝါဒ၊ စကားလုံးတွေနဲ့ စွမ်းဆောင်ရည်တွေနဲ့ သူတို့ရဲ့ ထောက်ခံမှုကို ရရမယ်လို့ အော်ရီဂွန်တက္ကသိုလ်က နိုင်ငံရေးသိပ္ပံ လက်ထောက်ပါမောက္ခ ချန်ဒလာ ဂျိမ်းစ်က ပြောပါတယ်။

မူဝါဒအဆိုပြုချက်အသစ်ဟာ လူမည်းအမျိုးသားတွေဆီ တိုက်ရိုက်ဇောင်းပေးထားပြီး နောက်ဆုံးကာလ မဲဆွယ်စည်းရုံးမှုရဲ့ အဓိကအစိတ်အပိုင်းတခု ဖြစ်လာစေဖို့ ဟားရစ်က တွန်းအားပေးထားတဲ့ ကြိုးပမ်းမှု တစိတ်တပိုင်း ဖြစ်ပါတယ်။

မူဝါဒအသစ်တွေထဲမှာ ချို့တဲ့တဲ့ အသိုက်အဝန်းတွေက စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေကို ဒေါ်လာ ၂၀,၀၀၀ အထိ အပြည့်အဝ လျော်ပေးနိုင်တဲ့ ချေးငွေပေါင်း ၁ သန်းလည်း ပါပါတယ်။

အပန်းဖြေဖို့အတွက် ဆေးခြောက်ကို တရားဝင်ဖြစ်စေရေး ကတိပြုရင်း လူမည်းတွေ စွန့်ဦးတီထွင်လုပ်ငန်းသစ်ဆီ ဝင်ရောက်ခွင့်ရရှိစေရေး အာမခံချက်တို့ ပါပါတယ်။

အစီအစဥ်တွေက လူမည်းအသိုက်အဝန်းကို ဖြည့်ဆည်းပေးပေမဲ့ ဟားရစ်က သူ့ရဲ့ စီးပွားရေးအဆိုပြုချက်တွေဟာ တမျိုးသားလုံးအတွက် အကျိုးရှိပုံကို အလေးပေးဖော်ပြဖို့ ကြိုးစားနေပါတယ်။

တကယ်လို့ ရွေးချယ်ခံရရင် ဟားရစ်ဟာ ဒုတိယလူမည်းသမ္မတနဲ့ ပထမဆုံး လူမည်း အမျိုးသမီးသမ္မတ ဖြစ်လာမှာပါ။

လူမည်းလူငယ် ၄ ပုံ ၁ ပုံကျော်က ရွေးကောက်ပွဲအပြိုင်အဆိုင်မှာ ထရမ့်ပ်ကို ထောက်ခံမယ်လို့ ပြောကြပြီး နိုင်ငံရဲ့ အကြီးဆုံး အရပ်ဘက် အခွင့်အရေးအဖွဲ့အစည်းဖြစ်တဲ့ NAACP ကလုပ်တဲ့ စက်တင်ဘာစစ်တမ်းမှာ ဖော်ပြခဲ့ပါတယ်။

သမ္မတ ဂျိုးဘိုင်ဒင်က ၂၀၂၀ မှာ လူမည်းအမျိုးသားမဲ ၈၀ ရာခိုင်နှုန်းလောက် ရခဲ့တာပါ။

ဟားရစ်က လူရွှင်တော်နဲ့ စာရေးဆရာ ရှာလမိန်း သယ်ဂေါ့ဒ်နဲ့ တွေ့ဆုံမေးမြန်းတာ မလုပ်မီ တရက်အလိုမှာ ဒီမူဝါဒ ထွက်ပေါ်လာတာပါ။

သူဟာ ထောင်စုနှစ်ကုန်ပိုင်းမှာ မွေးတဲ့ လူမည်းတွေကြားမှာ ရေပန်းစားပြီး ဘိုင်ဒင် အစိုးရကို သြဇာညောင်းတဲ့ ဝေဖန်သူလည်း ဖြစ်ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013