Home
နိုင်ငံတကာ
ကမ်မလာဟားရစ်အတွက် အမေရိကန်သမ္မတဟောင်း ကလင်တန် မဲဆွယ်စည်းရုံး
DVB
·
October 14, 2024
Photo-Reuters

နိုင်ငံရဲ့ အနာဂတ်တခုလုံးဟာ မဲဆန္ဒရှင်တွေရဲ့လက်ထဲမှာ ရှိတယ်လို့ အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်က ဂျော်ဂျီယာပြည်နယ်ထဲက မဲဆန္ဒရှင်တွေကို အောက်တိုဘာ ၁၃ ရက်မှာ ပြောလိုက်ပါတယ်။

ဂျော်ဂျီယာပြည်နယ်မှာ ဒီမိုကရက်တစ်သမ္မတလောင်း ကမ်မလာဟားရစ်အတွက် မဲဆွယ်စည်းရုံးချိန်မှာ ခုလို ပြောလိုက်တာပါ။

အယ်လ်ဘာနီမြို့က နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းနဲ့ ဖို့တ်တောင်ကြားက ရပ်ကွက်ထဲမှာလည်း ဟောပြောခဲ့ပါတယ်။

ကလင်တန်က ဟားရစ်နဲ့ တခြား ဒီမိုကရက်တစ် ကိုယ်စားလှယ်လောင်းတွေကို စောစော မဲပေးဖို့ ဒေသခံတွေကို တိုက်တွန်းခဲ့ပါတယ်။

“သူ့မှာ တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ သမ္မတဖြစ်နိုင်တဲ့ အရည်အချင်း ရှိတယ်လို့ ကျနော်ထင်ပါတယ်။ ကျနော်တို့ကိုယ်တိုင်က အခွင့်အရေးပေးရင် သူလုပ်မယ်လို့ ကျနော် ထင်ပါတယ်” လို့ ကလင်တန်က ပြောခဲ့ပါတယ်။

ဟားရစ်ရဲ့ပြိုင်ဘက် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ်ကို ရည်ညွှန်းရင်း အမေရိကန်မှာ အပြုသဘောဆောင်တဲ့ အရာတွေအတွက် နာမည်ကောင်းဝင်ယူခဲ့တာကို ကလင်တန်က လှောင်ပြောင်ခဲ့ပါတယ်။

“ထရမ့်ပ်ရဲ့ အလိမ်အညာတွေအတွက် သူ့ကို နိုင်ငံရေးသမားတွေက ဝေဖန်သံတွေကို ကြားရတာ ငြီးငွေ့လာပြီ။ ကျနော်သာလျှင် ဒီလိုလုပ်နိုင်တယ်၊ ဒီမနက် နေထွက်တာလည်း ကျနော်လုပ်လိုက်တာ ဆိုတာမျိုးပေါ့” လို့ ပြောရင်း ကလင်တန်က အရွှန်းဖောက်ခဲ့ပါတယ်။

အောက်တိုဘာ ၁၁ ရက်က ဝေါလ်စထရိဂျာနယ်ကလုပ်တဲ့ စစ်တမ်းတခုထဲမှာ ဟားရစ်က အရီဇိုးနား၊ ဂျော်ဂျီယာနဲ့ မီချီဂန်ပြည်နယ်တွေမှာ ၂ မှတ်စီအသာနဲ့ ဦးဆောင်နေပါတယ်။

ထရမ့်ပ်ကတော့ နီဗားဒါးပြည်နယ်မှာ ၆ မှတ်၊ ပင်ဆယ်လ်ဗေးနီးယားပြည်နယ်မှာ ၁ မှတ် ရထားပြီး မြောက်ကာရိုလိုင်းနားနဲ့ ဝစ္စကိုဆင် ပြည်နယ်တွေမှာ ၂ မှတ်စီ ရထားတာကို ပြထားပါတယ်။

အခုအပတ် Reuters/Ipsos စစ်တမ်းထဲမှာ ထရမ့်ပ်နဲ့ ဟားရစ်တို့ဟာ တနိုင်ငံလုံး အတိုင်းအတာနဲ့ အကြိတ်အနယ် အပြိုင်အဆိုင် ဖြစ်နေတာ တွေ့ရပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013