Home
နိုင်ငံတကာ
ကိုလံဘီယာသမ္မတ ပီထရို၏ ရွေးကောက်ပွဲမဲဆွယ်ပွဲ ငွေကြေးကိစ္စ စုံစမ်းစစ်ဆေးရန် တောင်းဆို 
DVB
·
October 9, 2024
Photo - REUTERS/Caitlin Ochs/

ကိုလံဘီယာသမ္မတ ဂူစတာဗို ပီထရိုရဲ့ ၂၀၂၂ ခုနှစ် ရွေးကောက်ပွဲ မဲဆွယ်စည်ရုံးရေးမှာ ဘဏ္ဍာရေးကန့်သတ်ချက် ချိုးဖောက်မှု စွပ်စွဲချက်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးလုပ်ဖို့ အောက်တိုဘာ ၈ ရက်မှာ တောင်းဆိုခဲ့ကြောင်း  အမျိုးသားရွေးကောက်ပွဲကောင်စီ (CNE)က ထုတ်ပြန်ပါတယ်။

ရွေးကောက်ပွဲကောင်စီရဲ့ တရားသူကြီး ဆီဇာဩဂူစ်တိုလော်ဒူက“ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလက ကိုယ်စားလှယ်လောင်း၊ မဲဆွယ်စည်းရုံးရေး မန်နေဂျာ၊ ဘဏ္ဍာရေးမှူးနဲ့ စာရင်းစစ်တွေဟာ ပထမအကျော့ စည်းရုံးရေးကာလမှာ အမေရိကန်ဒေါ်လာ ၈၇၀,၀၀၀ ကျော် သုံးစွဲမှုအတွက် အသုံးစရိတ်ကန့်သတ်ချက်ကို ချိုးဖောက်ကြောင်း စွပ်စွဲခံရတာဖြစ်တယ်” လို့ ပြောပါတယ်။

တရားသူကြီး ၉ ယောက်ထဲက အများစုဟာ သမ္မတ ပီထရိုနဲ့ သူ့ရဲ့ မဲဆွယ်စည်းရုံးရေး မန်နေဂျာ ရီကာဒို ရိုအာ တို့ကို စုံစမ်းစစ်ဆေးရေး အတည်ပြုဖို့ မဲခွဲဆုံးဖြတ်ခဲ့ကြပါတယ်။

မဲဆွယ်စည်းရုံးရေး မန်နေဂျာ ရီကာဒို ရိုအာဟာ လက်ရှိမှာ ကိုလံဘီယာနိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီ အီကိုပက်ထရိုလ်ရဲ့ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်ပါတယ်။

ကိုလံဘီယာရဲ့ ပထမဆုံး လက်ဝဲသမ္မတ ပီထရိုက သူ့ကို လုပ်ကြံသတ်ဖြတ်ဖို့ သို့မဟုတ် တရားရုံးတွေကနေတဆင့် သူ့ကို ရာထူးအာဏာဖယ်ရှားဖို့ ကြံစည်မှု ရှိနေကြောင်း သတိပေး ပြောဆိုလိုက်ပြီးနောက် ရက်သတ္တပတ်တွေအတွင်း စုံစမ်းစစ်ဆေးရေး ဆုံးဖြတ်ချက် ထွက်ပေါ်လာတာပါ။

စုံစမ်းစစ်ဆေးမှုကို ဆက်လက်လုပ်ဆောင်မယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတတွေကို မေးမြန်းရမယ့် ကွန်ဂရက်အောက်လွှတ်တော်ရဲ့ စွပ်စွဲမှုကော်မတီက ပီထရိုရဲ့ အမှုကို ကြားနာမှာ ဖြစ်ပါတယ်။

အဲဒီကော်မတီမှာ ပီထရိုရဲ့ ညွန့်ပေါင်းအဖွဲ့က အများစုဖြစ်ပြီး ပီထရိုကတော့ ဘာအမှားအယွင်းမှ မလုပ်ထားကြောင်း ငြင်းဆိုထားပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013