Homeသတင်းဓာတ်ပုံ
စစ်ကောင်စီ သန်းခေါင်စာရင်းကောက်နေသည့်အပေါ် အမေရိကန်ရောက် မြန်မာများ ဆန္ဒပြ (ဓာတ်ပုံ)
စစ်ကောင်စီ သန်းခေါင်စာရင်းကောက်နေသည့်အပေါ် အမေရိကန်ရောက် မြန်မာများ ဆန္ဒပြ (ဓာတ်ပုံ)
DVB
·
October 7, 2024
စစ်ကောင်စီက ရွေးကောက်ပွဲအကြောင်းပြပြီး သန်းခေါင်စာရင်းကောက်နေတဲ့အပေါ် ဆန့်ကျင် ကန့်ကွက်တဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့မှာ အောက်တိုဘာ ၅ ရက်က မြန်မာ့အရေးလှုပ်ရှားသူတွေက ဆန္ဒပြခဲ့ကြပါတယ်။
Free Burma Action Committee-Northern California အဖွဲ့က ဦးဆောင်ပြီး ၁၄၃ ကြိမ်မြောက် စဉ်ဆက်မပြတ် ဆန်ဖရန်စစ္စကို မြေပြင်လူထုသပိတ်တိုက်ပွဲကို နွေဦးတော်လှန်ရေး အင်အားစုတွေ၊ ထောက်ပို့ပြည်သူတွေနဲ့အတူ ပူးပေါင်းဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။