ဒီမိုကရက်တစ်သမ္မတလောင်း ကမ်မလာဟားရစ်က သမ္မတတာဝန်ထမ်းဆောင်ဖို့ အကောင်းဆုံး ကျန်းမာရေးအခြေအနေ ရှိနေတယ်လို့ ကောက်ချက်ချထားတဲ့ သူ့ဆေးမှတ်တမ်းတွေ ထုတ်ပြပြီး ဒေါ်နယ်ထရမ့်ပ်ကို ဖိအားပေးလိုက်ပါတယ်။
ရီပတ်ဘလီကန် သမ္မတလောင်း ထရမ့်ပ်က သူ့ဆေးမှတ်တမ်းတွေကို မထုတ်ပြန်တာဟာ ပွင့်လင်းမြင်သာမှု မရှိတာဘဲလို့ ဟားရစ်က ဝေဖန်ခဲ့ပါတယ်။
ထရမ့်ပ်ဟာ သမ္မတတာဝန်ထမ်းဆောင်ဖို့ သူ့မှာ ကျန်းမာရေးအရ သင့်တော်မှုရှိ၊ မရှိ အမေရိကန်ပြည်သူတွေကို မမြင်စေချင်တာပဲလို့လည်း လက်ရှိဒုသမ္မတ ဟားရစ်က ထိုးနှက်ခဲ့ပါတယ်။
ထရမ့်ပ်ရဲ့ မဲဆွယ်အဖွဲ့ကတော့ ဆေးမှတ်တမ်းတွေ မထုတ်ပြန်ပေမဲ့ သမ္မတဟောင်းဟာ လုံးဝ ကျန်မာရေးကောင်းတယ်လို့ သူ့ဆရာဝန်ရဲ့ မှတ်ချက်ကို ကိုးကားပြီး တုံ့ပြန်ခဲ့ပါတယ်။
ထရမ့်ပ်ဟာ အင်မတန်အလုပ်များပြီး အင်မတန်လှုပ်ရှားရတဲ့ မဲဆွယ်အချိန်ဇယားနဲ့ လှုပ်ရှားနေတာဖြစ်ပြီး ဟားရစ်မှာ သမ္မတထရမ့်ပ်လို သက်လုံမျိုး မရှိဘူးလို့ ထရမ့်ပ်မဲဆွယ်အဖွဲ့က တုံ့ပြန်ခဲ့ပါတယ်။
Source-Reuters