Home
နိုင်ငံတကာ
ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ ရာဇဝတ်မှုအတွက် ဒုသမ္မတကို တရားစွဲသင့်ဟု ဒေါ်နယ်ထရမ့်ပ်ပြော
DVB
·
October 1, 2024
Photo - Reuters

အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ်က သမ္မတ ရွေးကောက်ပွဲ ပြိုင်ဘက် ကမ်မလာဟားရစ်ကို လူမိုက်လို့ ခေါ်လိုက်ပြီး တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူတွေ အမေရိကန်ကို တရားမ၀င် ရောက်လာပြီး ရာဇဝတ်မှုတွေ ကျူးလွန်တာ မလုပ်အောင် တားဖို့ပျက်ကွက်မှုအတွက် တရားစွဲသင့်တယ်လို့ ပြောလိုက်ပါတယ်။

ပင်ဆယ်ဗေးနီးယားပြည်နယ်မှာ စက်တင်ဘာ ၂၉ ရက်က လုပ်တဲ့ လူထုစည်းဝေးပွဲမှာ ရီပတ်ဗလစ်ကန်ပါတီရဲ့ သမ္မတလောင်းကိုယ်စားလှယ် ထရမ့်ပ်က ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်း ကိုယ်စားလှယ်နဲ့ လက်ရှိ ဒုသမ္မတကို ခုလို စော်ကား ပြောဆိုလိုက်တာပါ။

ပင်ဆယ်လ်ဗေးနီးယားပြည်နယ် အီရီမြို့က ချီတက်ပွဲဟာ ထရမ့်ပ်ရဲ့ တလအတွင်း စတုတ္ထမြောက် မဲဆွယ်ခရီးစဉ် တထောက်ရပ်နားရာ နေရာ ဖြစ်လာတာပါ။

ပင်ဆယ်လ် ဗေးနီးယားပြည်နယ်ဟာ ၂၀၂၄ မဲဆွယ်စည်းရုံးမှုရဲ့ အပြင်းထန်ဆုံး အပြိုင်အဆိုင်ဖြစ်လာတဲ့ ပြည်နယ်လည်း ဖြစ်ပါတယ်။

လူသတ်မှုနဲ့ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ ရွှေ့ပြောင်းနေထိုင်သူ အယောက် ၁၃၀၀၀ ကျော်ဟာ ICE ထိန်းသိမ်းရေးစခန်းရဲ့ အပြင်ဘက်မှာ ကျန်နေပြီး ဟားရစ်က သူတို့ကို ဝင်ခွင့်ပြုနေတယ်လို့ ထရမ့်ပ်က ပြောပါတယ်။

အမေရိကန်လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြပ်မတ်မှုဌာန ICE က မကြာသေးမီက အောက်လွှတ်တော်ကို ပေးထားတဲ့ အချက်အလက်တွေကို ကိုးကားရင်းခုလို ပြောခဲ့တာပါ။

လူဦးရေများတဲ့ ပင်ဆယ်ဗေးနီးယားပြည်နယ်ဟာ နိုဝင်ဘာ ၅ ရက် ရွေးကောက်ပွဲ စစ်မြေပြင်မှာ အရေးကြီးဆုံးပြည်နယ်တွေထဲက တခု ဖြစ်ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013