
ယူကရိန်းရဲ့ ဒုတိယအကြီးဆုံးမြို့ ခါကိဗ်မှာ ဖေဖော်ဝါရီ ၂၈ ရက်နှောင်းပိုင်းက ရုရှားဒရုန်းတွေ တိုက်ခိုက်ခဲ့လို့ ဆေးဘက်ဆိုင်ရာ အဆောက်အဦနဲ့ တခြားပစ်မှတ်တွေကို ထိမှန်ခဲ့ပြီး လူ ၅ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။
မြို့တော်ရဲ့အလယ်ပိုင်း ခရိုင် ၃ ခုရှိ အရပ်ဘက်ဒေသတွေကို ရုရှားရဲ့ ရှာဟိဒ် ဒရုန်း ၉ စင်း ထိမှန်ခဲ့ကြောင်း ခါကိဗ် မြို့တော်ဝန် အီဟော်ရ် တယ်ရယ်ခို့ဗ်က ပြောပါတယ်။
လူ ၇ ယောက် ဒဏ်ရာရရှိခဲ့ပြီး ပျက်စီးနေတဲ့ ဆေးဘက်ဆိုင်ရာ အဆောက်အအုံတခုမှ လူပေါင်း ၅၆ ယောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရကြောင်းလည်း ဆိုပါတယ်။
ဒါဇင်နဲ့ချီတဲ့ အဆောက်အဦတွေ ပျက်စီးကုန်ပြီး တိုက်ခန်းအဆောက်အအုံ၊ ကားရောင်းဝယ်ရေးနဲ့ ဟိုက်ပါမားကတ်တွေမှာ ပြတင်းပေါက်တွေ ကွဲအက်သွားတယ်လို့ တယ်ရယ်ခို့ဗ်က ပြောပါတယ်။ ခါကိဗ် မြို့ဟာ ၃ နှစ်ကြာ စစ်ပွဲအတွင်း ရုရှားတိုက်ခိုက်မှုတွေကို မကြာခဏ ပစ်မှတ်ဖြစ်ခဲ့ပါတယ်။
Source: Reuters