
မန်ယူတောင်ပံကစားသမား ဂါနာချိုဟာ အသင်းသားတွေရဲ့ ညစာအတွက် ကျသင့်ငွေပေးဆောင်ဖို့ ပြစ်ဒဏ်ပေးခံခဲ့ရတယ်လို့ သိရပါတယ်။
အစ်ဆွစ်အသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ လူစားလဲခံခဲ့ရပြီးနောက် ကွင်းအရန်ခုံတန်းဆီမလာဘဲ အဝတ်လဲခန်းဆီတိုက်ရိုက်သွား ရောက်ခဲ့တဲ့အပေါ် မန်ယူအသင်းက အရေးယူခဲ့တာပါ။
ဂါနာချိုဟာ ဂျာစီစိုစွတ်နေတဲ့အတွက် အဝတ်ခန်းဆီ သွားရောက်ခဲ့ပြီး ဂျာစီလဲခဲ့တာဖြစ်ကြောင်း၊ အဲဒီနောက် အရန်ခုံတန်းဆီ မလာတော့ဘဲ တခြားတနေရာကနေ အသင်းရဲ့ပွဲစဉ်ကို ကြည့် ရှုနေခဲ့ကြောင်း နည်းပြအာမိုရင်က ပြောပါတယ်။
ဒါပေမဲ့ မန်ချက်စတာယူနိုက်တက်အသင်းမှာ အကြောင်းအရာတိုင်းကအရေးကြီးကြောင်း ဂါနာချိုကို ပြောထားပြီး အသင်းသားတွေရဲ့ ညစာအတွက် ကျသင့်ငွေပေးဆောင်ဖို့ ပြောထားကြောင်း နည်းပြ အာမိုရင်က ပြောသွားပါတယ်။
Photo: Reuters