
အာဆင်နယ်အားကစားဒါရိုက်တာရာထူးအတွက် လျာထားခြင်းခံရတဲ့အပေါ် ဂုဏ်ယူမိကြောင်း အသင်းကွင်းလယ်ကစားသမားဟောင်း သောမက်စ်ရိုဆစ်စကီးက ပြောပါတယ်။
ချက်ကစား သမားဟောင်းဟာ မွေးရပ်မြေကလပ် စပါတာပရပ်အသင်းမှာ အားကစားဒါရိုက်တာအဖြစ် တာဝန်ယူနေသူဖြစ်ပြီး အာဆင်နယ်က ခေါ်ယူဖို့ လုပ်ဆောင်နေတဲ့ အားကစားဒါရိုက်တာရာထူး လျာထားစာရင်းမှာ ပါဝင်နေတာပါ။
အာဆင်နယ်မှာ ၂၀၀၆ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ ၁၀ နှစ်ကြာ ကစားခဲ့တဲ့အတွက် အသင်းနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိတာ သာမန်ပဲဖြစ်ပြီး အသင်းရဲ့စီမံခန့်ခွဲမှုနေရာမှာ လျာထားခြင်းခံရ တဲ့အပေါ် ဂုဏ်ယူကြောင်း ရိုဆစ်စကီးက ပြောပါတယ်။
ဒါပေမဲ့ အာဆင်နယ်ဘက်က ကမ်းလှမ်းမှုတစုံတရာ မရှိသေးဘူးဆိုတာ အတည်ပြုနိုင်ကြောင်း ရိုဆစ်စကီးက ပြောပါတယ်။
အာဆင်နယ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက အားကစားဒါရိုက်တာ အီဒူးနဲ့ လမ်းခွဲခဲ့ပြီးနောက် လက်ထောက်ဖြစ်သူ ဂျက်ဆန်အရာတိုက ယာယီတာဝန်ယူနေတာ ဖြစ်ပါတယ်။
Photo: Reuters